နိုင်ပွဲကြောင့် မန်စီးတီးအသင်း ဒုတိယနေရာကို ပြန်လည်ရယူနိုင်ပါပြီ။

အဂူရိုရဲ့ တတိယဦးဆောင်ဂိုးက လက်နဲ့သိသိသာသာ ထိပြီးမှ ဂိုးဝင်သွားခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်က ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာကတော့ အာဆင်နယ်အတွက် နစ်နာမှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။

စူပါ ဆန်းဒေးရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် မန်စီး တီးအသင်းက တိုက်စစ်မှူး အဂူရိုရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့အတူ အာဆင်နယ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါ တယ်။



ပွဲကစားချိန် ၅၈ စက္ကန့်လောက်မှာပဲ အာဆင်နယ်အသင်းရဲ့ အမှားကနေ မန်စီးတီးအသင်း ဦးဆောင်ဂိုးရခဲ့တာ ပါ။

ဒါပေမယ့်လည်း ပွဲကစားချိန် ၁၁ မိနစ်အရောက်အာဆင်နယ်အသင်း ထောင့်ကန်ဘောကနေ တဆင့် နှစ်ဆင့်ခေါင်းတိုက်ပြီး ကိုစီရယ်နီက ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာတစ်ဖက်တစ်ဂိုးစီ ပြီးပြီလို့ ထင်မှတ်ချိန် ၄၄ မိနစ်အရောက်မှာ အဂူရိုကပဲ စတားလင်းရဲ့ ဖြတ်တင် ပေးမှုကို အလိုက်သင့် သာသာယာယာ ပိတ်သွင်းယူပြီး မန်စီးတီးကို ပြန်လည်ဦးဆောင်စေခဲ့ပါတယ်။

ဒုတိယပိုင်း ၆၁ မိနစ်အရောက်မှာလည်း မန်စီးတီးအသင်းကပဲ ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပြီး ဆာဂျီယို အဂူရိုကပဲ သူ့ရဲ့ ဟက်ထရစ်သွင်းဂိုးအဖြစ် ပိတ်သွင်းရယူသွားတာပါ။

ဒါပေမယ့် ဒီဂိုးက အနည်းငယ် အငြင်းပွားစရာရှိခဲ့ပြီး အဂူရို ဂိုးသွင်းချိန် လက်နဲ့ထိခဲ့တာကို ရုပ်သံ အနှေးပြ ကွက်တွေကနေ ရှင်းရှင်းလင်းလင်း မြင်ရပေမယ့်လည်း ကွင်းလယ်ဒိုင်လူကြီးကတော့ ဂိုးခွင့်ပြုခဲ့တာကြောင့် အာဆင်နယ်အသင်း နစ်နာခဲ့ရပါတယ်။

ဒါဟာ ပရီးမီးယားလိဂ်မှာ VAR စနစ် တွင်တွင်ကျယ်ကျယ် အသုံးမပြုသေးတာကြောင့် ဖြစ်ပြီး VAR စနစ်သာ သုံးခဲ့မယ်ဆိုရင်အာဆင်နယအသင်း ဂိုးခွင့်ပြုရမှာ မဟုတ်ပါဘူး။

၃-၁ ဂိုးနဲ့ ရှုံးနိမ့်နေချိန်မှာ အာဆင်နယ်အသင်း လူစားလဲမှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး အိုင်အိုဘီ၊ကိုလာစီနက်စ်တို့ နေရာမှာ ရမ်ဆေးနဲ့ အသစ်ခေါ်ယူထားတဲ့ ဆွာရက်ဇ်တို့ကို တပြိုင်နက်တည်း ထည့်သွင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးအသင်းကသာ ဆက်တိုက် ဖိအားပေးခဲ့ပြီး ဂိုးကန်သွင်းချက်တွေလည်း တောက် လျှောက်ရခဲ့ပြန်ပါတယ်။

အာဆင်နယ်အသင်း ဂိုးသမား လီနိုသာ လက်စွမ်းပြ မကာကွယ်နိုင်ဘူးဆိုရင် အာဆင်နယ်အသင်းရဲ့ အရှုံးက အခုထက်ပို ပြတ်သားသွားနိုင်ပါတယ်။

မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းဖက်ကို စုစုပေါင်း ဂိုးကန်သွင်းချက် ၁၉ ကြိမ်ထိ မြင့်မားစွာ ပြုလုပ်နိုင် ခဲ့ချိန်မှာ အာဆင်နယ်အသင်းကတော့ ၄ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကလည်း တိုက်စစ် စွမ်းရည် ကွာဟနေတာကို သိသာစေပါတယ်။

မန်စီးတီးအသင်းကတော့ အနိုင်ရရှိခဲ့လို့ အဆင့် ၂ နေရာကို ရမှတ် ၅၉ မှတ်နဲ့ ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီ ဖြစ် ပေမယ့် အာဆင်နယ်အသင်းကတော့ ရှုံးပွဲကြောင့် အဆင့် ၆ နေရာထိ ဆင်းသက်ခဲ့ရပါပြီ။

လာမယ့် တစ်ပတ်မှာမန်စီးတီးက အဲဗာတန်နဲ့ အဝေးကွင်း ကစားရမှာ ဖြစ်ပြီး အာဆင်နယ်အသင်းကတော့ ဟတ်ဒါဖီးလ်နဲ့ အဝေးကွင်း ကစားရပါမယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က