လက်ရှိမှာ ပွဲအစီအစဉ်သုံးသပ်သူတွေအဖြစ် ဆောင်ရွက်နေတဲ့ ကစားသမားကြီးနှစ်ဦးကတော့ Sky Sports'Off Script podcast အစီအစဉ်မှာ အပြန်အလှန်ခွန်းတုံ့ပြန်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
လီဗာပူးလ်နောက်ခံလူဟောင်းဂျင်မီကာရေဂါက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဆာအဲလက်စ်ဖာဂူဆန်သာ မရှိရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်လက်အောက်မှာဆိုရင် ကစားသမားတိုင်း ဆုဖလားဆွတ်ခူးနိုင်တယ်လို့ ဂယ်ရီနဗီးလ်ရဲ့ ပြောဆိုမှုကို ကာရေဂါက တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။
ဖာဂူဆန်ကတော့ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနည်းပြ၊ ကမ္ဘာ့အကောင်းဆုံးနည်းပြစာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ဖလား ၁၃ လုံး ဆွတ်ခူးပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၂လုံးကိုလည်း သူ့ရဲ့နည်းပြသက်တမ်း ၂၆ နှစ်တာကာလအတွင်းမှာ ရယူပေးခဲ့သူဖြစ်ပါတယ်။
နဗီးလ်ကတော့ သူ့ရဲ့စီနီယာကစားသမားဘဝတစ်ခုလုံးကို ယူနိုက်တက်မှာသာ ကုန်ဆုံးစေခဲ့သူစြဖ်ပါတယ်။ ဖာဂူဆန်အနားယူမယ့် ၂၀၁၃ ခုနှစ်မတိုင်ခင် နှစ်နှစ်အလိုမှာ နဗီးလ်က အနားယူသူလည်းဖြစ်ပါတယ်။ လက်ရှိမှာ ပွဲအစီအစဉ်သုံးသပ်သူတွေအဖြစ် ဆောင်ရွက်နေတဲ့ ကစားသမားကြီးနှစ်ဦးကတော့ Sky Sports'Off Script podcast အစီအစဉ်မှာ အပြန်အလှန်ခွန်းတုံ့ပြန်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
"သူ့ကို ကျွန်တော်မနှစ်သက်ပါဘူး၊ ဒါပေမယ့် သူက အောင်မြင်သူတစ်ဦးဖြစ်ခဲ့ပါတယ်၊ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး ဖာဂူဆန်လက်အောက်မှာ ကစားခဲ့ရတာကလည်းကံကောင်းခဲ့ပါတယ်၊ ဒါပေမယ့်လည်း လူတွေအားလုံးမေ့နေကြတာက ဆာအဲလက်စ်မရှိတဲ့အချိန်မှာ သူတို့တွေအောင်မြင်မှုမရတော့ဘူးဆိုတာပါ၊ အင်္ဂလန်မှာရော၊ ဗလန်စီယာမှာရောပေါ့"
"ဆာအဲလက်စ်ထွက်ခွာချိန်မှာ ယူနိုက်တက်က ချောက်ကမ်းပါးထဲရောက်ခဲ့ပါတယ်၊ သူတို့တွေ ဖာဂူဆန်နဲ့အတူ ရှိခဲ့တာ ဘယ်လောက်ထိကံကောင်းလဲ? ဒီအတွက် ကျွန်တော်တို့ ပြောကြတဲ့အခါမှာ သူတို့ရဲ့အောင်မြင်မှုတွေ၊ သူတို့ဘာတွေလုပ်ခဲ့လဲဆိုတာကို ပြောချိန်မှာ အကုန်လုံးက ဒါကို လုပ်နိုင်ခဲ့တာမို့လို့လား" လို့ ကာရေဂါက ပြောသွားခဲ့ပါတယ်။ ဂယ်ရီနဗီးလ်ကတော့ အခုလိုယုတ္တိမရှိတဲ့အမြင်တွေကို ပြန်ပြောစရာမရှိဘူးလို့သာ တုံ့ပြန်သွားခဲ့ပါတယ်။