ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား အီဒင်ဟာဇက်ဟာ နည်းပြ မူရီဇီယိုဆာရီရဲ့လက်အောက်မှာ ကစားရတာ ပျော်ရွှင်ကြောင်း ပြောကြားခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဟာဇက်ဟာ ဘုန်းမောက်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယခုရာသီရဲ့ ၂ ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Photos: Sky Sports
အီဒင်ဟာဇက်ဟာ ဘယ်လ်ဂျီယံအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယရရှိအောင် ကူညီပေးခဲ့ပြီးနောက် ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဟာဇက်ရဲ့အပြောင်းအရွှေ့ဟာ အမှန်တကယ်မဖြစ်လာခဲ့ဘဲ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ၇ ရာသီမြောက်အဖြစ် ကစားပေးနေပါတယ်။
ဟိုဆေးမော်ရင်ဟိုအတွက် မန်ချက်စတာယူနိုက်တက်အမာခံပရိသတ်တစ်ဦးရဲ့အိတ်ဖွင့်ပေးစာ
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ ယခုရာသီမှာ အကောင်းဆုံးပုံစံရရှိနေသူဖြစ်ပြီး ချယ်ဆီးအသင်းရဲ့ ရာသီအစ ၄ ပွဲမှာ ၄ ပွဲစလုံး အနိုင်ရရှိအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။ ဟာဇက်က နည်းပြသစ် မူရီဇီယိုဆာရီရဲ့ ကစားကွက်ကို နှစ်သက်မိတယ်လို့ ပြောကြားခဲ့ပြီး ဘောလုံးကို ခြေထောက်ထဲမှာ ထားပြီး ကစားရတာကို ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ပါတယ်။
Photos: Sky Sports
"ဘောလုံးရနေတာကို နှစ်သက်ပါတယ်။ ကျွန်တော်တို့ ဂိုးဘက်ခြမ်းမှာတော့မဟုတ်ဘူးပေါ့။ တစ်ဖက်အသင်း ဂိုးဘက်အခြမ်း မီတာ ၃၀ လောက်အတွင်းမှာပေ့ါ"
"အဲဒီလို ပွဲမျိုးကို ကျွန်တော် နှစ်သက်ပါတယ်။ အဲဒါက အရင်တုန်းက မော်ရင်ဟို၊ ကွန်တီတို့နဲ့ လုံးဝကွဲပြားခြားနားပါတယ်"
"ကျွန်တော်တို့ ဘောလုံးပိုရရှိနေတယ်။ အဲဒါက ကျွန်တော့်အတွက် မဆိုးဘူး"
ဟာဇက်ဟာ ချယ်ဆီးအသင်းရဲ့ရာသီအစ ၂ ပွဲမှာ လူစားဝင်ကစားခဲ့ရပေမယ့် အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတော့ အနိုင်ရရှိဖို့အတွက် အဓိကအခန်းကဏ္ဍကနေ စွမ်းဆောင်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နယူးကာဆယ်၊ ဘုန်းမောက်အသင်းတို့ရဲ့ပွဲစဉ်မှာ ၂ ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး ဟာဇက်ဟာ မိမိရဲ့အသင်းအပေါ်မှာ ပြန်လည်လက်ခံဖို့အတွက် နှေးကွေးနေတယ်ဆိုတာကို နားလည်ကြောင်းနဲ့ အနာဂတ်အတွက် စောင့်ကြည့်ရမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။