ပရီးမီးယားလိဂ်ဟာ လာမယ့် ၂၀၁၉-၂၀၂၀ ရာသီဟာ သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်မှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဟာ ၂ ရက်အလိုမှာ ပိတ်သိမ်းမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အသင်းတွေဟာ လာမယ့်ရာသီမစတင်မီမှာ ၁၀ ပွဲကျော် ကစားဖို့ကျန်ရှိနေသေးပြီး အချို့အသင်းတွေဟာ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီဟာ သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်မှာဖြစ်တယ်လို့ တရားဝင်အတည်ပြုခဲ့ပြီး ယခုရာသီအဖွင့်ပွဲစဉ်ကလည်း သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး လက်စတာစီးတီးအသင်းကို မန်ချက်စတာယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကတော့ သြဂုတ်လ ၈ ရက်နေ့ ဗြိတိန်စံတော်ချိန် ညနေ ၅ နာရီမှာ ပိတ်သိမ်းမှာဖြစ်တယ်လို့ သိရပြီး ပရီးမီးယားလိဂ်ရာသီအသစ်အတွက် ပွဲစဉ်ဇယားတွေကိုတော့ ထုတ်ပြန်ကြေညာဖို့ အချိန်အနည်းငယ်လိုသေးတယ်လို့ သိရပါတယ်။
ယခုယှဉ်ပြိုင်ကစားနေတဲ့ ၂၀၁၈-၂၀၁၉ ပရီးမီးယားလိဂ်ရာသီကတော့ လာမယ့်မေလ ၁၂ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး ယှဉ်ပြိုင်ကစားဖို့ လက်ကျန် ၁၂ ပွဲသာ ကျန်ရှိတော့တာဖြစ်ပါတယ်။