ရေကြီးမှုတွေ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့တဲ့ ကီရာလာပြည်နယ်မှာ နေအိမ် ၅၀,၀၀၀ ခန့် ပျက်စီးခဲ့ပါတယ်။

အိန္ဒိယမှာ ယခုနှစ် မုတ်သုန်ရာသီ မိုးသည်းထန်ပြီ ရေကြီးမှုတွေကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရထိုင်ရသူ အရေအတွက် တစ်သန်းကျော်ရှိနေကြောင်းနဲ့ နိုင်ငံအနောက်တောင်ပိုင်း ကီရာလာပြည်နယ်မှာ ရေကြီးမှုများအတွင်း လူ ၄၁၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ယနေ့ (သြဂုတ် ၂၁ ရက်) ပြောပါတယ်။

Photo: Reuters





ရာစုနှစ်တစ်ခုနီးပါးအတွင်း ရေကြီးမှုတွေ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့တဲ့ ကီရာလာပြည်နယ်မှာ နေအိမ် ၅၀,၀၀၀ ခန့် ပျက်စီးခဲ့တယ်လို့ ပြည်နယ်လွှတ်တော်အမတ်တစ်ဦးက ဆိုပါတယ်။

ကီရာလာပြည်နယ်အတွင်း အစွန်အဖျားနဲ့ တောင်တန်းဒေသတွေမှာ ရေကြီးမှုကြောင့် သောင်တင်နေသူတွေကို ကယ်ဆယ်ရေးမှာ ထောင်နဲ့ချီတဲ့ ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်တို့မှ တပ်ဖွဲ့ဝင်တွေက ပါဝင်ကူညီခဲ့ကြပါတယ်။

Photo: Atul Loke/Getty Images



ကယ်ဆယ်ရေးစခန်း ၃,၂၀၀ ခန့်မှာ စုစုပေါင်း လူဦးရေ ၁,၀၂၈,၀၀၀ လက်ရှိ ခိုလှုံနေထိုင်လျက်ရှိကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရအမျိုးသားက AFP ကို ပြောခဲ့ပါတယ်။

တနင်္လာနေ့ (သြဂုတ် ၂၀ ရက်) က နောက်ထပ် အလောင်းခြောက်လောင်း တွေ့ရှိခဲ့ရပြီးနောက် ကီရာလာပြည်နယ်မှာ ဇွန်လမှစတင်ခဲ့တဲ့ မုန်သုန်ရာသီအတွင်း ရေကြီးမှုတွေကြောင့် သေဆုံးသူအရေအတွက် ၄၁၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

Photo: AFP



ထိုအတောအတွင်း ကီရာလာပြည်နယ်မှာ ရေကြီးမှုဆိုးရွားစွာ ဖြစ်ပေါ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အိန္ဒိယကျွမ်းကျင်သူတွေရဲ့ ကြိုတင်ခန့်မှန်း သတိပေးမှုကို အစိုးရက လစ်လျူရှုခဲ့ကြောင်း ပြောဆိုမှုတွေလည်း ထွက်ပေါ်လာပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က