၃ ရက်အတွင်း ရွာသွန်းမယ်လို့သိရပါတယ်။

အိန္ဒိယ နိုင်ငံကို ဝင်မယ့် ဖန်နီ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း ရန်ကုန်အပါအဝင် ဒေသအများစုမှာ မိုးရွာသွန်းပြီလို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ မိုးရွာနေစဉ် မြင်ကွင်း။



မေလ ၁ ရက်နေ့ကနေ နောက် ၃ ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ တနသာၤရီတိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာ အနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာတော့ ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

မေလ ၁ ရက်နေ့ တိုင်းထွက်ချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာ အားကောင်းတဲ့ ဆိုင်ကလုံးမုန်တိုင်း ဖန်နီဟာ အိန္ဒိယနိုင်ငံ ပူရီမြို့နဲ့ ဗီဇာကာပတ္တနမ်မြို့ကို ဦးတည်နေတယ်လို့သိရပါတယ်။

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ မိုးရွာနေစဉ် မြင်ကွင်း။

အဆိုပါ မုန်တိုင်းမှာ မြန်မာနိုင်ငံကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးဘဲ အဝါရောင် အဆင့်သတ်မှတ်ထားပြီးနောက် (၃) ရက်အတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားကြောင်း မိုးဇလက ထုတ်ပြန်ပါတယ်။ မုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး၊ လှိုင်းကြီးမှာဖြစ်ပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီကို မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၃)ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြဖို့ မိုးဇလက သတိပေးချက် ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က