အိန္ဒိယနိုင်ငံ ရာဂျက်စတန်ပြည်နယ်မှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွက်ဖျင်တဲကြီးတစ်ခု ပြိုကျသွားခဲ့မှုတွင်း လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

(Photo: AFP)
တနင်္ဂနွေနေ့ (ဇွန် ၂၃ ရက်) က ရွက်ဖျင်တဲကြီး ပြိုကျမှုအတွင်း သေဆုံးခဲ့သူတွေအနက် အချို့ဟာ လျှပ်စစ်ဝါယာကြိုးများနဲ့ထိမိပြီး ဓာတ်လိုက်သေဆုံးခဲ့ကြောင်းနဲ့ အခြား လူတွေကတော့ ရွက်ဖျင်တင်အပျက်အစီးတွေ ပြုတ်ကျမှုကြောင့် သေဆုံးခဲ့တယ်လို့ Reuters သတင်းက ပြောပါတယ်။ ရွက်ဖျင်တဲကြီး ပြိုကျမှုအတွင်း လူ ၅၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။
(Photo: AFP)
ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရာသီဥတုစွတ်စုနေတဲ့ အခြေအနေမှာ ယခု ဘာသာရေးပွဲကို စီစဉ်သူတွေက မည်သည့်အတွက် လျှပ်စစ်ဓာတ်အား မဖြတ်တောက်ထားခဲ့ကြောင်း ရာဂျက်စတန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး Bhanwar Lal Meghwal က မေးခွန်းထုတ်ခဲ့ပါတယ်။
ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီလို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ယခု မတော်တဆမှုကို ကံဆိုးမှုဖြစ်ကြောင်းနဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း Twitter မှာ ရေးသားထားတယ်လို့ ဆိုပါတယ်။