၂၀၁၇ ထဲက ယူနိုက်တက်ကို ရောက်လာတာပါ။

လင်ဒီလော့ဖ်ကတော့ ဒီနှစ်မှာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး နောက်ခံလူ မက်ဂွဲယားနဲ့အတူ ယူနိုက်တက် ခံစစ်ကို အဓိက ကာကွယ်ပေးနေသူ ဖြစ်ပါတယ်။

နောက်ခံလူ လင်ဒီလော့ဖ်ကို ၂၀၂၄ အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ယူနိုက်တက်အသင်းက ချုပ်ဆိုခဲ့ပြီလို့ BBC SPORTက ဖော်ပြလာပါတယ်။



အသသက် ၂၅ နှစ်အရွယ် ဆွီဒင်လက်ရွေးစင်အနေနဲ့ ၂၀၁၇ ခုနှစ်က ဘင်ဖီကာအသင်းကနေ စတင်ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း အသင်းအတွက် ၇၄ ပွဲအထိ ပါဝင်ကစားပေးထားနိုင်ပြီ ဖြစ်ပါတယ်။

“ ဒီကိုရောက်လာကတည်းက အိမ်လိုပဲ ခံစားရပါတယ်၊ ၂ နှစ်အတွင်းမှာ ကစားသမားတစ်ယောက်အနေနဲ့ရော ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ တိုးတက်မှုတွေ များစွာ ရှိလာပါတယ်။” လို့ လင်ဒီလော့ဖ်က စာချုပ်ချုပ်ဆိုပွဲမှာပြောခဲ့ပါ တယ်။

ဒီနှစ်ဘောလုံးရာသီမှာတော့ လင်ဒီလော့ဖ်အနေနဲ့ ပေါင် သန်း ၈၀တန် ကမ္ဘာ့တန်ကြေးအမြင့်ဆုံး နောက်ခံလူ မက်ဂွဲယားနဲ့အတူ မန်ချက်စတာယူနိုက်တက်အတွက် တွဲဖက်ပြီး ပွဲတိုင်းကို ကစားခွင့်ရနေပါတယ်။

အခုလို စာချုပ်သစ် ချုပ်ဆိုနိုင်တာကတော့ ဒီအပတ်ထဲမှာ ဂိုးသမား ဒီဂီယာပြီးရင် ဒုတိယမြောက် စာချုပ်သက်တမ်း တိုးနိုင်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။



“ လော့ဖ်က အသင်းအတွက် စတင်ပြီးတော့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီ။ ကွင်းအတွင်း စွမ်းဆောင်ရည်တွေနဲ့အတူ အသင်းအတွက် အောင်မြင်ဖို့ ကြိုးစားပေးနေတာတွေ ကျွန်တော် မြင်ရပါတယ်။” လို့ နည်းပြ ဆိုးလ်ရှားကလည်း ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနှစ် ပရီးမီးယားလိဂ်မှာ ၅ ပွဲကစား ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး ရမှတ် ၈မှတ်နဲ့ အမှတ်ပေးဇယားအဆငင့် ၄ မှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က