ဘဏ္ဍာရေးအသုံးစရိတ်လျော့ချဖို့ လိုနေတာပါ။

ဘဏ္ဍာရေး အသုံးစရိတ်ကို ၃ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းထိ လျော့ချဖို့အတွက် လုပ်ခမြင့် ကစားသမား ၃ ဦးလောက်ကို မဖြစ်မနေ ရောင်းချရဖို့ ရှိနေတာပါ။

မနှစ်က ဘောလုံးရာသီမှာ အသင်းအသုံးစရိတ်အဖြစ် ယူရို ၆၇၁ သန်းထိ အသုံးပြုခဲ့တဲ့ ဘာစီလိုနာအသင် ကတော့ လာမယ့် နွေရာသီမှာ အဓိက ကစားသမား ၃ ဦးကို မဖြစ်မနေ ရောင်းချဖို့ ရှိနေတယ်လို့ Marca သတင်းဌာနက ဖော်ပြလာပါတယ်။



မာကာ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာရဲ့ နှစ်စဉ် အသုံးစရိတ်ထဲမှာ ကစားသမားလစာ ပေးချေ နေရမှုက အဓိက ပြဿနာ အဖြစ်ရှိနေတယ်လို့ သိရပါတယ်။

ဒီအခြေအနေကို ကလပ်အသင်း ဘုတ်အဖွဲ့ဝင်တွေက လာမယ့်နှစ်မှာ လျော့ချဖို့ လုပ်ဆောင်နေကြပြီး ဒီလို လျော့ချဖို့ဆိုရင် အသင်းမှာ ရှိနေတဲ့ လုပ်ခမြင့် ကစားသမား ၃ ဦးလောက်ထိ ရောင်းချဖို့ လိုနေတာ လည်း ဖြစ်ပါတယ်။

မနှစ်က အပိုဆုကြေးနဲ့ အခြား အသုံးစရိတ်တွေအဖြစ် ဘာစီလိုုနာအသင်းဟာ ယူရို ၉၇ သန်းထိ သုံးစွဲခဲ့ရပြီး အားလုံးပေါင်း အသုံးစရိတ်ကတော့ ယူရို ၅၂၅ သန်းထိရှိခဲ့တယ်လို့သိရပါတယ်။

ဒီထဲမှာ ကစားသမားတွေကိုချည်း ပေးချေရတဲ့ လုပ်ခလစာက ယူရို ၄၁၇ သန်းထိ ရှိခဲ့တာ ဖြစ်ပြီး စုစုပေါင်း ပမာဏကတော့ ယူရို ၆၇၁ သန်းထိ မြင့်မားစွာ ရှိနေခဲ့တာပါ။



လာမယ့်နှစ်မှာတော့ ၃ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းလောက်ထိ လျော့ချဖို့ စီစဉ်နေတာ ဖြစ်ပြီး ဒီလိုလျော့ချဖို့ ဆိုရင် အသင်းမှာ ရောင်းထုတ်မယ်လို့ သတင်းထွက်ပေါ်နေတဲ့ အမ်တီတီ၊ဒမ်ဘီလီနဲ့ရာကီတစ်တို့ ၃ ဦးကို ရောင်းချဖို့ များနေတယ်လို့ မာကာ သတင်းဌာနက ဖော်ပြလာတာပါ။

ဒီကစားသမား ၃ ဦးအနေနဲ့ လက်ရှိ နည်းပြ ဗယ်လ်ဗာဒီရဲ့ အနာဂတ် အစီအစဉ်မှာ မပါဝင်ထားပဲ ဖြစ်သလို ဒီနွေမှာ မရောင်းဖြစ်ရင် ၂၀၂၀ ဇွန်မှာတော့ သေချာပေါက် အသင်းပြောင်းဖို့ ရှိနေသူတွေလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က