ယနေ့ည အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာပါ။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယနေ့ညမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အုပ်စု B ရဲ့ ထိပ်ဆုံးနေရာကို ဘယ်သူ သိမ်းပိုက်နိုင်မလဲဆိုတာကို အဖြေထုတ်ရတော့မှာဖြစ်ပြီး အဓိကကစားသမား ၃ ဦး မပါဝင်ဘဲ ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်သွားရမယ်လို့ 90 Min ရဲ့သတင်းအရ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်မှာ ၁ ပွဲကစားပြီး ရမှတ် ၃ မှတ်နဲ့ အုပ်စု B ကို ဦးဆောင်နေတာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းကတော့ လွန်ခဲ့တဲ့ ၂ ပတ်ခန့်က အိုလံပီယာကော့စ်အသင်းကို စိတ်ပျက်ဖွယ် တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ရမှတ် ၁ မှတ်နဲ့ အုပ်စုဒုတိယအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။



ဘိုင်ယန်မြူးနစ်အသင်းဟာ ရက်ဒ်စတားဘဲလ်ဂရိတ်ကို အနိုင်ရရှိခဲ့တဲ့အတွက် အုပ်စုဗိုလ်အဖြစ် ရပ်တည်နေပေမယ့် တော့တင်ဟမ်ဟော့စပါးအသင်းကတော့ ဆောက်သမ်တန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့် အကောင်းဆုံးပုံစံမှာ ရှိနေခဲ့တာတော့မဟုတ်ပါဘူး။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ အနိုင်ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ်ထက် ပိုကောင်းနိုင်တယ်လို့ ယူဆခံနေရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းက အကောင်းဆုံးပုံစံမှာ ရှိနေခြင်းမရှိတာကြောင့် သတိထားနေခြင်းမရှိဘဲ တိုက်စစ်ဖွင့်ကစားသွားမယ်လို့ မျှော်လင့်ရပြီး အရေးကြီးတဲ့အဝေးကွင်းနိုင်ပွဲကို ရယူသွားဖို့ ပိုများနေပါတယ်။

တော့တင်ဟော့စပါးအသင်းဟာ အိမ်ကွင်းမှာ နောက်ဆုံးလက်ခံကစားခဲ့တဲ့ ၆ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိခဲ့သလို ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ လိုဆယ်ဆို၊ ဆီဆက်နွန်တို့ ဒဏ်ရာရရှိနေပြီး ဂျူအန်ဖွိုက်ကလည်း ကြံ့ခိုင်မှုမပြည့်ဝတဲ့ပြဿနာကြောင့် ပါဝင်ကစားဖို့ မရေရာတဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က