ချစ်သူများနေ့ အစီအစဥ်ကိုလည်း ပြောခဲ့ပါသေးတယ်။

အခုလောလောဆယ်မှာ နောက်ထပ် ရည်းစားထားဖို့ထက် အနုပညာအလုပ်တွေကို အောင်မြင်အောင် လုပ်ချင်သေးတယ်လို့ ရင်ဖွင့်ထားပါတယ်။

 

Photo : Nay Lin Kyaw

Myanmar Idol Season 4 ကနေ ပရိသတ်တွေရဲ့ အားပေးမှု ရရှိလာတဲ့ အဆိုတော် နေလင်းကျော်ကတော့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြန့်နေတဲ့ သတင်းနဲ့ ပတ်သက်ပြီး ပြန်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ အိမ်ထောင်ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် နေလင်းကျော်က “ကျွန်တော် အိမ်ထောင် မပြုရသေးပါဘူး။ single ပဲ ရှိပါသေးတယ်” လို့ ဆိုပါတယ်။

Photo : Nay Lin Kyaw

မကြာခင် ကျရောက်တော့မယ့် ချစ်သူများနေ့ကိုလည်း အလုပ်တွေလုပ်ရင်းဖြတ်သန်းဖို့ပဲ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ နောက်ထပ်ရည်းစားထား ဖို့ဆိုတာထက် အနုပညာအလုပ်တွေကိုပဲ အောင်မြင်အောင် ကြိုးစားချင်တယ်ဆိုပြီး ပြောထားပါသေးတယ်။

“ချစ်သူကတော့ မရှာသေးပါဘူး။ ဘာပဲဖြစ်ဖြစ် တချို့ အရာလေးတွေကျွန်တော်မေ့လို့မရတာရှိတယ်။ ပြီးတော့ အနုပညာအလုပ်တွေ လုပ်ချင်သေးတယ်။ မအောင်မြင်သေးဘူး ကျွန်တော်အချစ်ရေးနဲ့ ပတ်သက်ပြီး သိပ်မစဥ်းစားသေးပါဘူး” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : Nay Lin Kyaw

နေလင်းကျော်ကိုတော့ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဒီ သီချင်းဆိုပြိုင် ပွဲမှာ တော့ Top-10 အထိ ပါဝင်ခွင့်ရခဲ့သူဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ Top-10 ( 3rd Week )Result Show မှာတော့ သူဟာ နှုတ်ဆက်ထွက်ခွာခဲ့ရသူ တစ်ယောက်ပါ။

 


Share

Loading Next Article...
က္က