အင်းစိန်ထောင်မှာ Quarantine ဝင်ပြီးနောက် ပထမဆုံး ရုံးချိန်းမှာတော့ မင်းရာဇာဟာ သမီးလေး မွေးထားတဲ့ ဖခင်တစ်ယောက်အနေနဲ့ အိမ်အကူမိန်းကလေးကို အက်စစ်နဲ့ ပက်တာမျိုး မလုပ်ခဲ့ပါဘူးလို့ မီဒီယာတွေအရှေ့မှာ ပြောခဲ့ပါတယ်။
အိမ်အကူ မိန်းကလေး အား ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုတွေ နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ (ဇွန်လ၄ရက်) က မြောက်ဥက္ကာတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ အင်းစိန်ထောင်မှာ Quarantine ဝင်ပြီးနောက် ပထမဆုံး ရုံးချိန်းမှာတော့ မင်းရာဇာဟာ သမီးလေး မွေးထားတဲ့ ဖခင်တစ်ယောက်အနေနဲ့ အိမ်အကူမိန်းကလေးကို အက်စစ်နဲ့ ပက်တာမျိုး မလုပ်ခဲ့ပါဘူးလို့ မီဒီယာတွေအရှေ့မှာ ပြောခဲ့ပါတယ်။
“ကျွန်တော် အမှန်အတိုင်း အားလုံးပြောမှာပါ။ အားလုံး ထင်သလိုမျိုး အသားတွေ ပဲ့ကျသွားအောင် အက်စစ်တွေနဲ့ ပက်တာမျိုး လုံးဝမလုပ်ခဲ့ပါဘူး။ကျွန်တော်လည်း သမီးလေး မွေးထားတာပါ။ သူတို့မိသားစုအပေါ်မှာလည်း ကျေးဇူးတွေ အများကြီး ရှိပါတယ်။ အခုလိုမျိုးလုပ်တဲ့အတွက်လည်း တကယ်စိတ်မကောင်းပါဘူး။ ဖြစ်တဲ့ ပြဿနာက အကြီးကြီမဟုတ်ပါဘူး။ ကျွန်တော်ယောကျ်ားပါမှန်သင့်သလောက်ထိ မှန်ပေမယ့် မှားရင်လည်းကျွန်တော်ခံမှာပါအားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုပြီး ရုံးချိန်းအပြန်မှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ရုံးချိန်းမှာတော့ တရားခံတွေဖြစ်တဲ့ မင်းရာဇာနဲ့ အပေါင်းအပါ(၂) ဦးစလုံး မြောက်ဥက္ကလာတရားရုံးသို့ လာရောက်ခဲ့ကြပါတယ်။ အိမ်အကူအမျိုးသမီးငယ်အား အက်ဆစ်နဲ့ပက်နှိပ်စက်ခဲ့တဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးကို တရားရုံး ကျပ် ၁၀ သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦးက အာမခံရခဲ့ပါတယ်။
မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။