• အိမ်ထောင်ပြုဖို့ရည်ရွယ်ထားတာကြောင့် အိမ်ထောင်ဘက်ရှာရမှာပဲဆိုတဲ့ ထွန်းထွန်း

လက်ရှိ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

ထွန်းထွန်းကတော့ အိမ်ထောင်ပြုဖို့ရည်ရွယ်ထားသူဖြစ်လို့ လက်တွဲဖော်ရှာသင့် တဲ့အရွယ်ရောက်နေပြီလို့ဆိုပါတယ်။ သူလက်တွဲမယ့် အချစ်ရေးကိုလည်း အကောင်းဆုံးတွေပဲ ဖြစ်စေချင်ပါတယ်တဲ့။

image

ထွန်းထွန်းကတော့ ချစ်သူအသစ်ရနေပြီဆိုတဲ့အကြောင်းကို မကြာသေးခင်က သူ့ရဲ့ Facebook Story မှာ အရိပ်အမြွတ်ပြသခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် လက်ရှိ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးကိုလည်း မီဒီယာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော် ထာဝရ စိုပြေနေပါတယ်။ စိုစိုပြေပြေဖြစ်အောင်လည်းနေပါတယ်။ တော်တော်များများကိုလည်းအကောင်းမြင်တဲ့စိတ်နဲ့ပဲ တွေးပါတယ်။ အခြေအနေနဲ့ အကြောင်းတွေက ဘာတွေဖြစ်လာမလဲမသိရသေးတဲ့အတွက် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မဖြေချင်သေးပါဘူး။ သေချာတာ တစ်ခုကတော့ ကျွန်တော်နေတဲ့ပုံစံက ကျွန်တော်ပဲ ဖြစ်နေဦးမှာပဲ။ ကျွန်တော်ရည်းစားထားလို့ အရင်လိုမျိုး လုပ်မယ် မလုပ်ဘူူးဆိုတာ အာမ မခံနိုင်ပါဘူး။ ကျွန်တော့်ပုံစံအတိုင်းပဲ ကျွန်တော် နေထိုင်သွားမှာပါ’’ လို့ သူကဆိုပါတယ်။

Photo: Htun Htun

ထွန်းထွန်းရဲ့ အချစ်ရေးကိုတော့ ပရိသတ်တွေက စိတ်ဝင်တစားရှိလှပါတယ်။ ထွန်းထွန်းကိုယ်တိုင်ကလည်း အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။

‘’ ကျွန်တော်လည်း မငယ်တော့ဘူးဆိုတော့ လုပ်စရာရှိတဲ့ အလုပ်တွေလည်း လုပ်နေတာဖြစ်သလို အိမ်ထောင်ပြုဖို့ရည်ရွယ်ချက် ရှိတဲ့အတွက် အိမ်ထောင်ဖက်တော့ ရှာရမှာပဲ။ အရာရာကို အကောင်းဘက်ကပဲ တွေးပါတယ်။ အချစ်ကြောင့်လည်းမဟုတ်ပါဘူး။ ဖြစ်လာတယ် မဖြစ်လာဘူးဆိုတာကတော့ ကံတရားပဲပေါ့’’ လို့ ဆိုပါတယ်။

Photo: Htun Htun

အဲဒီနောက် လမ်းခွဲခဲ့ပြီးသားဖြစ်တဲ့ အချစ်ရေးနဲ့ မတူတဲ့ ကောင်းမွန်တဲ့ အချစ်တစ်ခုကို ပိုင်ဆိုင်ချင်တယ်လို့ ထွန်းထွန်းက ပြောပါတယ်။ အသက်အရွယ်တစ်ခုလည်းရှိလာပြီလို့ ဆိုပါတယ်။

‘’တကယ် ချစ်ခဲ့ကြတဲ့သူတွေလည်း အများကြီးရှိတယ်။ အဆင်မပြေခဲ့တာတွေလည်း အများကြီးရှိပါတယ်။ ဆိုလိုချင်တာကတော့ အကောင်းတွေပဲဖြစ်ချင်တဲ့ အရွယ်ကိုလည်းရောက်လာပါပြီ။ ဝေဖန်လာတဲ့ သဘောဆောင်တဲ့အရာတွေကို အရင်တုန်းကတော့ တွေးခဲ့ဖူးတာရှိတယ်။ အခုချိန်မှာတော့ ကိုယ်လိုချင်တဲ့ Comment ကိုပဲယူတယ်။ ကျန်တာကတော့ ခေါင်းထဲမရောက်ပါဘူး’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Htun Htun

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က