
(Photo: Assam Forest Department)
ဒေသခံတွေက သေဆုံးသွားပြီးဖြစ်တဲ့ အယ်လ်ကေဒါအကြမ်းဖက်အုပ်စုခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ အမည်ကိုအစွဲပြုပြီး ဆင်ရိုင်းကို ဘင်လာဒင်လို့ အမည်ပေးထားခဲ့ကြတာလည်း ဖြစ်ပါတယ်။ အာဆမ်ပြည်နယ် အရှေ့မြောက်ပိုင်းမှာ ဒေသခံတွေကိုကြား ကြောက်လန့်နေရတဲ့ ဆင်အထီးကို တောအုပ်ထဲမှာ ဒရုန်းများနဲ့ ယဥ်ပါးအောင်လေ့ကျင့်ထားတဲ့ ဆင်များ အသုံးပြုပြီး ရက်အနည်းငယ်ကြာ ရှာဖွေခဲ့ကြကြောင်း သိရပါတယ်။
"ကျွန်တော်တို့ ဒီနေ့ နောက်ဆုံးတစ်ခေါက် ရှာဖွေရေးလုပ်ကြပါတယ်၊ ဆင်ကိုတွေ့တော့ မေ့ဆေးသေနတ်နဲ့ နှစ်ချက်ပစ်ပြီး ဖမ်းခဲ့ပါတယ်၊ အခုတော့ ဒီဆင်ရိုင်းကို လူမနေတဲ့ တောအုပ်တစ်ခုထဲ ပို့ဆောင်ဖို့လုပ်နေပါတယ်" လို့ သစ်တောဌာနမှ အကြီးတန်းအရာရှိတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။ ယခု ဖမ်းမိခဲ့တဲ့ ဆင်ရိုင်းဟာ ဂိုးလ်ပါရာခရိုင်တစ်ဝှမ်း သောင်းကျန်းခဲ့တဲ့ ၂၄ နာရီအတွင်း အမျိုးသမီးသုံးဦး အပါအဝင် လူငါးဦးကို သတ်ခဲ့တယ်လို့ သိရပါတယ်။
(Photo: AFP)
အိန္ဒိယမှာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဆင်တွေကြောင့် လူ ၂,၃၀၀ နီးပါး သေဆုံးခဲ့ကြောင်း ယခုနှစ် ဇွန်လမှာ ထုတ်ပြန်ခဲ့တဲ့ တရားဝင် စာရင်းတွေက ဖော်ြပထားပါတယ်။ တောရိုင်းတိရိစ္ဆာန်များ သဘာဝအတိုင်း ကျက်စားနေထိုင်ရာ နယ်မြေပမာဏ လျော့နည်းသွားမှုနဲ့အတူ ၂၀၁၁ ခုနှစ်မှစပြီး ဆင်အကောင်ရေ ၇၀၀ လည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အာဆမ်ပြည်နယ် ဂိုးလ်ပါရာခရိုင်အတွင်းသို့ ဆင်ရိုင်းများ မကြခဏ ဝင်ရောက်လာလေ့ရှိကြောင်းလည်း သိရပါတယ်။
ဆင်အချို့ဟာ ဒေသခံတွေရဲ့ အဆိပ်ခတ်ခြင်း သို့မဟုတ် ပစ်သတ်ခြင်းကြောင့် သေဆုံးခဲ့ကြပါတယ်။ အခြား ဆင်တွေကတော့ လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ ခြံစည်းရိုးများပေါ်မှာ သို့မဟုတ် ၎င်းတို့ ရွှေ့ပြောင်းရာလမ်းကြောင်းများတစ်လျှောက် ရထားလမ်းတွေပေါ်မှာ သေဆုံးလေ့ရှိကြောင်း AFP သတင်းက ဖော်ပြပါတယ်။အိန္ဒ