• အိန္ဒိယမှာရှိတဲ့ ဝန်ထမ်းအင်အား ၇၀% အထိ လျှော့ချဖို့ Huawei စီစဉ်

ဝင်ငွေပစ်မှတ်ပမာဏလည်း ထက်ဝက်လျှော့ချသွားမှာပါ

တရုတ်တယ်လီကွန်းကုမ္ပဏီကြီးဖြစ်တဲ့ Huawei ဟာ အိန္ဒိယနိုင်ငံအတွက် ပစ်မှတ်ထားတဲ့ ဝင်ငွေပမာဏကို ထက်ဝက်လျှော့ချလိုက်သလို ဝန်ထမ်းအင်အားလည်း အကြီးအကျယ် လျှော့ချသွားမယ်လို့ ဆိုပါတယ်။ 

Economic Times သတင်းအရ Huawei ဟာ ယခုနှစ်အတွက် အိန္ဒိယဈေးကွက်ကနေ ဝင်မယ့် ဝင်ငွေပမာဏကို ယခင် ဒေါ်လာ သန်း ၇၀၀- ၈၀၀ မှန်းထားရာကနေ ဒေါ်လာသန်း ၃၅၀ နဲ့ သန်း ၅၀၀ အကြားအထိ လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံအတွင်း ဝင်ထမ်းအင်အားကိုလည်း ၆၀% ကနေ ၇၀% ဝန်းကျင်အထိ လျှော့ချသွားမယ်လို့ ဆိုပါတယ်။ 

image

Photo: stratfor

လျှော့ချလိုက်မယ့် ဝန်ထမ်းအင်အားထဲမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနမှာ အလုပ်လုပ်နေသူများနဲ့ Global Service Centre မှာ ပါတဲ့ ဝန်ထမ်းတွေတော့ ပါဝင်ခြင်းရှိမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။ အိန္ဒိယစမတ်ဖုန်းဈေးကွက်မှာ တရုတ်စမတ်ဖုန်းကုမ္ပဏီများ ကြီးစိုးနေပြီး ၂၀၂၀ ဒုတိယသုံးလပတ်အတွင်း အိန္ဒိယနိုင်ငံအတွင်း ရောင်းအားအကောင်းဆုံး ထိပ်တန်း စမတ်ဖုန်း ၅ မျိုးမှာ ၄ ခုဟာ တရုတ်ကုမ္ပဏီတွေ ဖြစ်နေပါတယ်။ 

ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီးထဲက တစ်ခုဖြစ်သလို အာရှရဲ့ တတိယစီပွားရေအင်အားအကြီးဆုံးနိုင်ငံကြီး ဖြစ်တဲ့ အိန္ဒိယမှာ တရုတ်နိုင်ငံလုပ် ကုန်ပစ္စည်း ဆန့်ကျင်ရေးအရှိန်မြင့်လာပြီးနောက် Huawei အနေနဲ့ အခုလို ဆုံးဖြတ်လိုက်တာပါ။ ပြီးခဲ့တဲ့လထဲမှာ အိန္ဒိယနဲ့ တရုတ်နှစ်နိုင်ငံ စစ်သားများအငြင်းပွားနေတဲ့ နယ်စပ်မှာ လူသေဆုံးတဲ့အထိ ခိုက်ရန်ဖြစ်ပွားပြီးနောက် အိန္ဒိယမှာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ရှိလာခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာ 4G ကွန်ရက်အတွက် တရုတ်နိုင်ငံအစား ပြည်တွင်းထုတ် ပစ္စည်းအစိတ်အပိုင်းတွေပဲ သုံးဖို့ တယ်လီကွန်းလုပ်ငန်းတွေကို တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ တရုတ်နိုင်ငံမှ TikTok အပါအဝင် app ‌၅၉ ခုကို အန္တရာယ်ရှိ app တွေအဖြစ် သတ်မှတ်ပိတ်ပင်ခဲ့ပါတယ်။ Economics Times ရဲ့ ဒီသတင်းကို Huawei ဘက်ကတော့ မှတ်ချက်ချခြင်း မရှိပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က