ပြန်ဝင်လာဖို့ အခက်အခဲရှိနေသူ ၃၅၀ နီးပါးအထိရှိနေပါတယ်။

အိန္ဒိယနယ်စပ်က ကျမ်းစာသင်ကျောင်းတွေမှာ တက်နေတဲ့ ကျောင်းသားတွေအပါအဝင် ချင်းပြည်နယ်ထဲ ပြန်ဝင်လာဖို့ အခက်အခဲရှိနေသူ ၃၅၀ နီးပါးအထိ ရှိနေတယ်လို့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က Duwun ကိုပြောပါတယ်။

ချင်းပြည်နယ်ကနေ အိန္ဒိယနယ်စပ်ရှိ ကျမ်းစာသင်ကျောင်းတွေမှာ တက်နေတဲ့ ကျောင်းသားအများစုဟာ အထောက်အထားမပါဘဲ သွားနေသူတွေဖြစ်တာကြောင့် သူတို့ကို ပြန်လက်ခံဖို့က အခက်အခဲတွေရှိနေတယ်လို့ ချင်းပြည်နယ် လူမူရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က ဆိုပါတယ်။



“သူတို့က အထောက်အထားတစ်ခုမှမရှိဘဲ အိန္ဒိယနယ်စပ်က ကျမ်းစာသင်ကျောင်းတွေမှာ ကျောင်းသွားတက်ကြတယ်။ အထောက်အထားမရှိဘဲ ပြန်လာကြမှာဆိုတော့ သူတို့ ဝင်လာရင် ဥပဒေအရ လက်ခံတဲ့သူပါ အရေးယူခံရမှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ဗဟိုကော်မတီကို တင်ပြသွားမှာပါ။ ” လို့ ဝန်ကြီး က ဆိုပါတယ်။

လက်ရှိမှာ အိန္ဒိယကနေ တမူးနယ်စပ်ကတစ်ဆင့် ဝင်လာမယ့် ရက်ကန်းအလုပ်သမား ၈၃ ဦးအပါအဝင် ၁၄၀ ဦး၊ ရိလန်းဘက်ကနေ ဝင်လာမယ့် အိန္ဒိယနယ်စပ်က ကျမ်းစာသင်ကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား ၁၉၆ ဦးရှိနေပြီး သူတို့ကို ပြန်လက်ခံဖို့ အထူးအစီအစဉ်တစ်ရပ်အ အကောင်အထည်ဖော်ပေးရမယ်လို့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က Duwun ကိုပြောပါတယ်။

“ အခု အိန္ဒိယဘက်မှာ အခြေအနေတော်တော်ဆိုးနေတော့ အိန္ဒိယဘက်မှာ ကျောင်းတက်နေတဲ့ကလေးတွေကို ဖောင်းထုတ်နေဖို့တောင် စဉ်းစားနေတယ်။ ဒါကို ကျွန်တော်တို့စိတ်ပူတယ်။ အဲဒီမှာ အခက်အခဲဖြစ်နေတဲ့ကလေးတွေကလည်း ကျွန်တော်တို့ကို အမြဲ ဆက်သွယ်တယ်။ ချင်းနယ်စပ်မှာက ခေတ်အဆက်ဆက် ပတ်စ်ပို့တွေမရှိဘဲ အိန္ဒိယဘက်မှာ ကျောင်းသွားတက်နေကြတာ။ ကျွန်တော်တို့က သူတို့နယ်စပ်ကနေ ဝင်လာရင် ကျမ်းစာသင်ကျောင်းတက်နေတဲ့ကလေးတွေဟုတ်လား၊ မဟုတ်လားဆိုတာကို စိစစ်ဖို့ လွယ်ပါတယ်။ ဒါကြောင့် သူတို့ကို အထူးအစီအစဉ်နဲ့ ပြန်လက်ခံဖို့ လုပ်ပေးရမှာပါ” လို့ ဦးပေါင်လွန်မင်းထန်က ပြောပါတယ်။

လက်ရှိမှာ အိန္ဒိယနိုင်ငံက ကျမ်းစာသင်ကျောင်းမှာ သွားတက်နေတဲ့ ကျောင်းသား ၆ ဦးဟာ အိန္ဒိယဘက်မှာ နေထိုင်ရေးလုံး၀ အဆင်မပြေတာကြောင့် တရားမဝင် နယ်စပ်ကျော်ပြီး တမူးဘက်ကိုဝင်လာခဲ့ကြတာကြောင့် သူတို့ကို ဆေးရုံမှာ ထိန်းသိမ်းထားရတယ်လို့သိရပါတယ်။

“အိန္ဒိယမှာ ကျမ်းစာကျောင်းသွားတက်တဲ့ ၆ ယောက်က အိန္ဒိယဘက်က လုံး၀ နေဖို့ အဆင်မပြေတဲ့အခါမှာ ညရောက်တော့ နယ်စပ်ကျော်ပြီး လယ်တောထဲမှာ အိပ်နေကြတယ်။ နောက်တစ်နေ့ရဲစခန်းကို သွားပြီးသတင်းပို့တော့ တရားမဝင် ဝင်လာသူတွေဖြစ်နေလို့ လောလောဆယ်ဆေးရုံမှာ ထိန်းသိမ်းခံထားရတယ်။ “ လို့ ဦးပေါင်လွန်မင်းထန်က ဆိုပါတယ်။

လက်ရှိမှာ ဗဟိုကော်မတီရဲ့ ညွန်ကြားချက်အနဲ့ အညီ အိန္ဒိယနယ်စပ်ကနေ ချင်းပြည်နယ်ထဲကို ပြန်ဝင်ထားသူ ၄၉ ဦးရှိနေပြီး ၁၆ ဦးကတော့ အသွားအလာကန့်သတ်ရက်ပြည့်ခဲ့ပြီး ရောဂါပိုးမရှိကြောင်းလည်း စစ်ဆေးထားပြီးသား ဖြစ်တယ်လို့သိရပါတယ်။ ကျန်တဲ့ ၃၃ ဦးကတော့ ဖလမ်းမြို့ စိုက်ပျိုးရေးသိပွံမှာ အသွားအလာကန့်သတ် စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီအနေနဲ့ ခိုးဝင်လာသူတွေ၊ ဝင်လာသူတွေကို လက်ခံတဲ့သူတွေကို တည်ဆဲဥပဒေနဲ့ အညီ အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က