အာဏာပိုင်တွေက မီးတောင်ပေါက်ကွဲမှု အန္တရာယ်ရှိနိုင်တဲ့နေရာကနေ အဝေးမှာနေထိုင်ကြရန် သတိပေးထားပါတယ်

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်ရှိ ဆီမီရူမီးတောင် ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) အစောပိုင်းမှာ ပေါက်ကွဲမှုထပ်ဖြစ်ပြီး လေထုထဲသို့ ၁.၂ မိုင်ကျော်အမြင့်အထိ ပြာမှုန်များထွက်ရှိလာခဲ့ရာ အာဏာပိုင်တွေက မီးတောင်ပေါက်ကွဲမှု အန္တရာယ်ရှိနိုင်တဲ့နေရာကနေ အဝေးမှာနေထိုင်ကြရန် သတိပေးခဲ့ပါတယ်။

ယခုအစောပိုင်းကလည်း ဂျာဗားကျွန်းပေါ်ရှိ အမြင့်ဆုံးဖြစ်တဲ့ ဆီမီရူ (Semeru) မီးတောင် ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၄၆ ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေခဲ့ကာ လူဦးရေထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ ယနေ့ မနက်အစောပိုင်း မီးတောင်ပေါက်ကွဲရာမှာတော့ အဖြူနဲ့ မီးခိုးရောင် ပြာမှုန်များ ထူထပ်စွာထွက်ရှိခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံ Center for Volcanology and Geological Hazard Mitigation (PVMBG) ဌာနက ပြောပါတယ်။



(ဒီဇင်ဘာလအစောပိုင်း မီးတောင်ပေါက်ကွဲမှုအပြီး အနီးရှိလူနေဒေသ မြင်ကွင်း)

ထိုဌာနက မီးတောင်အနီးရှိ ဒေသခံတွေကို ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ ၃ မိုင်ပတ်လည်အတွင်း သွားလာခြင်းမပြုကြရန်နဲ့ မီးတောင်ချော်ရည် စီးဆင်မှုအန္တရာယ်ကြောင့် မြစ်ကမ်းဘေးမှ ပေ ၁,၆၀၀ ကျော်အကွာမှာနေကြရန် သတိပေးထားပါတယ်။ ထို့အတူ ပေါက်ကွဲမှုဖြစ်တဲ့ မီးတောင်ဝနေရာရဲ့ အရှေ့တောင်ဘက် ၈ မိုင်ပတ်လည်အတွင်း သွားလာခြင်းမပြုကြရန်လည်း PVMBG ပြောထားကြောင်း သိရပါတယ်။

ဆီမီရှူမီးတောင်ဟာ ယနေ့ ပေါက်ကွဲမှုမတိုင်မီ ဒီဇင်ဘာ ၄ ရက်နဲ့ ၆ ရက်နေ့တွေမှာလည်း ပေါက်ကွဲခဲ့ပါသေးတယ်။ မီးတောင် ၁၄၂ လုံးရှိနေတဲ့ အင်ဒိုနီးရှားဟာ ကမ္ဘာ့နိုင်ငံတွေအနက် မီးတောင်နဲ့နီးကပ်တဲ့ အကွာအ‌‌ဝေးအတွင်း လူဦးရေအများဆုံး နေထိုင်လျက်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ မီးတောင်တွေနဲ့ ၆ မိုင်ပတ်လည်အတွင်း နေထိုင်ကြတဲ့ လူဦးရေ ၈.၆ သန်းရှိနေပါတယ်။

Source and Photo: Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က