• အင်မတန်မှကြောက်ဖို့ကောင်းတဲ့ ကွင်းလယ်အတွဲဖြစ်လာနိုင်တဲ့ ဖရက်ဒ်နဲ့ကက်စ်မဲရိုး

ဒီနှစ်ယောက်က ဘရာဇီးအသင်းဖော်တွေဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကက်စ်မဲရိုးကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) ၊ အပိုဆုကြေး ယူရို (၁၀) သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီကစားသမားဟာ သြဂုတ် (၂၇) မှာ ကစားမယ့် ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ သေချာပေါက်ပါဝင်လာဖို့ရှိပြီး လတ်တလော အနေအထားအရတော့ ဘရာဇီးအသင်းဖော်တယောက်ပဲဖြစ်တဲ့ ဖရက်ဒ်နဲ့ ကွင်းလယ်မှာ ပွဲထွက်လာဖွယ်ရှိပါတယ်။

image

ကက်စ်မဲရိုးဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်မှာ မိုဒရစ်၊ တိုနီကရူးစ်တို့ နှစ်ယောက်နဲ့ အကောင်းဆုံး အတွဲညီခဲ့ပြီး KCM အတွဲက ပြိုင်ဘက်ကွင်းလယ်တွေအတွက် တော်တော်လေးကို ရင်ဆိုင်ရခက်ခဲတဲ့ အတွဲအဖက်ဖြစ်ခဲ့ပါတယ်။ အခု ယူနိုက်တက်ကို ရောက်ရှိလာချိန်မှာတော့ ကက်စ်မဲရိုးတယောက် ဖရက်ဒ်၊ တွမ်မီနေးတို့နဲ့ တွဲကစားရမှာကြောင့် ခြေစွမ်းပြနိုင်ပါ့မလားဆိုတဲ့ သံသယတွေရှိနေပါတယ်။

image

ဒါပေမယ့်လည်း ကက်စ်မဲရိုးရောက်ရှိလာတဲ့နောက် တွမ်မီနေးရဲ့ အနာဂတ်က မသေချာတော့ဘဲ နောက်ထပ် ကွင်းလယ်လူတယောက်ကိုသာ ထပ်မခေါ်ဖြစ်ခဲ့ရင် ကက်စ်မဲရိုးနဲ့ဖရက်ဒ်တို့ရဲ့ ဘရာဇီးအတွဲသာ ယူနိုက်တက်ကွင်းလယ်မှာ ပင်တိုင် ပွဲထွက်လာဖို့ရှိပါတယ်။ ဒီနှစ်ယောက်ရဲ့ အတွဲအဖက်နဲ့ ပတ်သက်လို့လည်း စိတ်ဝင်စားစရာ အချက်အလက်တွေက ရှိနေပြန်ပါတယ်။


ကက်စ်မဲရိုးနဲ့ဖရက်ဒ်တို့နှစ်ယောက်က ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၂၀) တွဲကစားပြီးချိန်မှာ အသင်းက ရှုံးပွဲတပွဲသာရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဒီပွဲတွေမှာ အသင်းက (၁၈) ပွဲအထိ အနိုင်ရရှိခဲ့ပြီး သွင်းဂိုး (၄၁) ဂိုးအထိရှိခဲ့ပါတယ်။ ပေးဂိုးကလည်း (၅) ဂိုးသာရှိခဲ့ပြီး ဂိုးမပေးရတဲ့ပွဲက (၁၅) ပွဲအထိရှိခဲ့ကာ အင်မတန်ကောင်းမွန်တဲ့ အချက်အလက်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ဖရက်ဒ်ဟာ ဘရာဇီးလက်ရွေးစင်အသင်းကိုရောက်ရှိချိန်မှာ ယူနိုက်တက်ကထက် ပိုမိုခြေစွမ်းပြလေ့ရှိတာကိုလည်း ပရိသတ်တွေက လက်ခံထားရပါတယ်။ အခုချိန်မှာတော့ ဘရာဇီးလက်ရွေးစင်အသင်းဖော် ကက်စ်မဲရိုး ယူနိုက်တက်ကို ရောက်ရှိလာတာကြောင့် ဖရက်ဒ်တယောက် ခြေစွမ်းပြနိုင်တော့မလား၊ ယူနိုက်တက်ကွင်းလယ်မှာ ဖရက်ဒ်နဲ့ကက်စ်မဲရိုးအတွဲက တောက်ပနိုင်တော့မလား စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က