• အိပ်မက်တွေ အကောင်အထည်ဖော်နိုင်တော့မယ်ဆိုတဲ့ အောန်ဆိုင်း

နိုင်ငံတကာက အနုပညာရှင်တွေ တက်ရောက်လာမယ့် Fashion Week ပွဲကို သူမလည်း တက်ရောက်သွားမှာပါ။

အောန်ဆိုင်းကတော့ ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Hugo Boss Fashion Week ပွဲမှာ မော်ဒယ်တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရလို့ အရမ်းကို ဝမ်းသာနေတာ တွေ့ရပါတယ်။ ဒီပွဲကိုတော့ ၂၀၁၈ ခုနှစ်တုန်းက မင်းသားဇဏ်ခီ၊ ခရစ္စတီးနားခီနဲ့ ဝတ်မှုံရွှေရည်တို့က တက်ရောက်ခဲ့ဖူးပါတယ်။ 

image

မော်ဒယ်လောကမှာ အောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ အောန်ဆိုင်းတစ်ယောက် သူ့ရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒါကတော့ ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Hugo Boss က ပြုလုပ်တဲ့ fashion Week ပွဲမှာ Runway လျှောက်ရတော့မယ်လို့ ဆိုပါတယ်။

‘’အားလုံးပဲ မင်္ဂလာပါရှင်။ မင်္ဂလာသတင်းလေးတစ်ခု ပြောပြချင်လို့ပါ။ မော်ဒယ်လောကစဝင်ကတည်းက အောန်ဆိုင်း မက်ခဲ့ တဲ့ အိပ်မက်ကို အကောင်ထည်ဖော်နိုင်တော့မယ့် သတင်းပါပဲ။ အဲဒါကတော့ အော်န်ဆိုင်း ရှန်ဟိုင်းFashion Week Hugo Boss Show မှာ Runway Model အနေနဲ့ လျှောက်ရမှာပဲဖြစ်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၆ ရက်နေ့ မနက် ၈ နာရီ ၅၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: Awn Seng

Hugo Boss Fashion Week ပွဲကိုတော့ အောက်တိုဘာလ ၁၈ ရက်နေ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာရှိတဲ့ tank shanghai မှာ ညနေ ၆ နာရီခွဲအချိန် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီပွဲအတွက်လည်း အောန်ဆိုင်းတစ်ယောက် အရမ်းတွေ ရင်ခုန်နေပါပြီတဲ့။

‘’Hugo Boss က Shanghai Fashion Week မှာ Runway Model အဖြစ်လျှောက်ပေးဖို့ဖိတ်ကြားခဲ့တဲ့ အတွက် အောန်ဆိုင်းလည်း အရမ်းဂုဏ်ယူမိပါတယ်။ အခုကတည်းကလည်း အရမ်းစိတ်လှုပ်ရှားနေပါပြီ။ အကောင်းဆုံးကြိုးစားပြင်ဆင်သွားမဲ့အတွက်လည်း အားပေးကြပါဦးနော်’’ လို့လည်း ဆက်လက်ရေးသားခဲ့ပါသေးတယ်။

Photo: Awn Seng

၂၀၁၈ ခုနှစ်တုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ Hugo Boss Fashion Week ပွဲကိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အနုပညာရှင်များအနေနဲ့ ဇဏ်ခီ၊ ခရစ္စတီးနားခီ နဲ့ ဝတ်မှုံရွှေရည်တို့က တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ Hugo Boss Fashion Week 2018 ကိုတော့ ၂၀၁၈ ခုနှစ် မေလ အတွင်းက စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကိုလည်း နိုင်ငံအသီးသီးမှာရှိတဲ့ နာမည်ကျော် အနုပညာရှင်များစွာတို့က တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

Photo: Awn Seng

နာမည်ကျော် မော်ဒယ်လ်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ အောန်ဆိုင်းဟာ ဒီနေ့ အချိန်ထိ ပရိသတ်အချစ်ကို ခိုင်ခိုင်မာမာရရှိ ထားတာ ဖြစ်ပါတယ်။ Professional Model တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အောန်ဆိုင်းကတော့ လက်တလောမှာ မဂ္ဂဇင်းကာဗာတွေ၊ ကြော်ငြာတွေ ရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း မကြာခဏ ပါဝင်သရုပ်ဆောင်နေပြီလိ့ုလည်း သိရပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ မော်ဒယ်လ် တစ်ယောက်အနေနဲ့သာ ရပ်တည်သွားမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က