ရွှေကြိုတစ်ယောက်ဖြစ်ဖို့ အိပ်မက် မက်ခဲ့ဖူးတယ်။

လီလီကျော်ခိုင်ကတော့ ရွှေကြိုတစ်ယောက်ဖြစ်လာဖို့အတွက် အိပ်မက်တွေ မက်ခဲ့ရသူပါတဲ့။ ဒါပေမယ့် ဆန်ခါတင်စာရင်းဝင် မပါဝင်ခဲ့ပါဘူးတဲ့။ ဒါကြောင့် နောက်ထပ် ထပ်မပြိုင်တော့ဘူးလို့ ဆိုပါတယ်။ 

photo: We Love Li Li Kyaw Khaing



သရုပ်ဆောင် လီလီကျော်ခိုင်ကတော့ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ပါဝင်ဖို့ ရွှေကြိုလျှောက်ထားခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် သူမကတော့ ရွှေကြိုနောက်ဆုံးအဆင့်ထိ မပါဝင်နိုင်ခဲ့လို့ စိတ်မကောင်းဖြစ်မိတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 

“ရွှေကြိုမှာ မပါသွားလို့ ဝမ်းနည်းတာက တစ်ကြောင်း၊ ဒါပေမယ့် ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ခဲ့တာပါ။ ရွှေကြိုမှာ ပါတာ မပါတာ အကြောင်းမဟုတ်ပေမယ့် အိပ်မက်ကို အကောင်အထည်ဖော်တယ် မဖြစ်သွားဘူးဆိုတာပဲ ရှိတာပေါ့နော်။ ကိုယ်ထင်တာကတော့ လုံးဝ မျက်နှာသစ်တွေကိုပဲရွေးတယ်ထင်တယ်” လို့ ဆိုပါတယ်။ 

photo: We Love Li Li Kyaw Khaing

ရွှေကြိုတစ်ယောက်ဖြစ်လာဖို့အတွက် အိပ်မက်တွေ မက်ခဲ့ဖူးတယ်လို့ လီလီကျော်ခိုင်က ပြောပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲကတော့ တကယ်ကို မျက်နှာသစ်တွေပဲ ရွေးထုတ်မယ့်ပွဲဖြစ်တယ်လို့ သူကဆိုပါတယ်။  

“လီလီကတော့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ပါဝင်ခဲ့တာပေါ့။ ကိုယ့်လိုပဲ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ရောက်လာကြတဲ့သူတွေအားလုံးအတွက် ဝမ်းသာပါတယ်။ တချို့တွေကလည်း လီလီ့လိုပဲ ဒီလောကထဲကအချင်းချင်းပဲ လာပြိုင်ကြတာတွေရှိပါတယ်။ ဒါပေမယ့် လုံးဝ အတွေ့အကြုံမရှိသေးတဲ့သူတွေပဲ ပါသွားတယ်လို့ ထင်ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၃၀ ရက်နေ့က Marzda ကား မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

photo: We Love Li Li Kyaw Khaing

လီလီကျော်ခိုင်ကတော့လက်ရှိမှာလည်း အနုပညာအလုပ်တွေ လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။ သူမကို အားပေးတဲ့ ပရိသတ်တွေကိုလည်း အများကြီးပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ ရွှေကြိုကိုလည်း ထပ်ပြိုင်ဖို့ အစီအစဉ်မရှိတော့ဘူးလို့ သိရပါတယ်။ 

“ ရွှေကြိုကတော့ ၂၀၁၆ ခုနှစ်တုန်းကတည်းက ကိုယ်ဖြစ်ချင်ခဲ့တာပါ။ အခုတော့ ထပ်မပြိုင်တော့ဘူး။ ၂၀၁၇ ကနေ ၂၀၁၈ လောက်အထိ ဝင်ပြိုင်မယ်ဆိုပြီးတော့ အလုပ်မအားလို့ မပြိုင်ဖြစ်ခဲ့ဘူး။ အခု ၂၀၂၀ မှာတော့ အလုပ်တွေလည်း အားတဲ့အချိန်မှာ ဝင်ပြိုင်တာဖြစ်တဲ့အတွက် နောက်ထပ် ထပ်ပြိုင်ဖို့ အစီအစဉ်မရှိတော့ပါဘူး” လို့ သူကဆိုပါတယ်။ 

Photo: Oakkalay

လီလီကျော်ခိုင်ကိုတော့ ပရိသတ်တွေက မဂ္ဂဇင်းကာဗာတွေကနေတဆင့် စတင်သိရှိလာခဲ့တာပါ။ အနုပညာလောကထဲကိုလည်း Model တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ တက်သစ်စ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်တဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က