မန်စီးတီးနဲ့ဝုလ်ဗာဟမ်တန်တို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၈အဖြစ် ယှဉ်ပြိုင်ကြမှာပါ။

လီဗာပူးအသင်းအနိုင်ရသွားတဲ့အတွက် မန်စီးတီးတို့ အမှတ်ကွာဟမှု ပိုမများစေဖို့အတွက် အမှားမခံနိုင်တော့ တဲ့အခြေအနေပါ။ ဝုလ်ဗာဟမ်တန်ဆိုတာကလည်း ပွဲအဖြေပြောင်း လဲနိုင်စွမ်းရှိတဲ့ ကစားသမားအများစုပိုင်ဆိုင်ထားတဲ့ အသင်းဆိုတော့ အိမ်ရှင်အသင်းဖိအားအချို့ရှိနေမှာပါ။ ပြိုင်ပွဲစုံနောက်ဆုံး ၄ပွဲမှာ ရှုံးပွဲမရှိထားတဲ့အသင်းတွေဖြစ်လို့အမှတ်ပေး ဇယားရပ်တည်မှုအတွက် ရာနှုန်းပြည့်အားစိုက်ကစားလာမှာလည်းသေချာပါတယ်။ တို က်စစ်ကွင်းလယ်အသာရနေတဲ့ မန်စီးတီးနဲ့ တန်ပြန်တိုက်စစ်ကစားပုံကောင်းတဲ့ ဝုလ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု မှာဘယ်လို့ရလဒ်မျိုးထွက်ပေါ်လာမလဲဆိုတာ ??? ။

မန်စီးတီး Vs ဝုလ်ဗာဟမ်တန်

ထိပ်တိုက်တွေ့ဆုံမှု

ဝုလ်ဗာဟမ်တန် ဝ-၀ မန်စီးတီး

မန်စီးတီး ၃-၀ ဝုလ်ဗာဟမ်တန်

ဝုလ်ဗာဟမ်တန် ၁-၁ မန်စီးတီး

မန်စီးတီး ဝ-၀ ဝုလ်ဗာဟမ်တန်

ဝုလ်ဗာဟမ်တန် ဝ-၂ မန်စီးတီး

မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

အဲဗာတန် ၁-၃ မန်စီးတီး

မန်စီးတီး ၈-၀ ဝက်ဖို့ဒ်

နောဝစ်ချ် ၃-၂ မန်စီးတီး

ဝုလ်ဗာဟမ်တန်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

ဝုလ်ဗာဟမ်တန် ၂-၀ ဝက်ဖို့ဒ်

ခရစ္စတယ်ပဲလေ့စ် ၁-၁ ဝက်ဖို့ဒ်

ဝုလ်ဗာဟမ်တန် ၂-၅ ချဲလ်ဆီး


နှစ်ဖက်အသင်းသတင်းများ

  • ဒီဘရိုင်း၊ လာပေါ့တီ၊ ဆာနေးလ်၊ ဂျွန်စတုန်းတို့ ဒဏ်ရာပြဿနာရှိနေလို့ အဂူရို၊ မာရက်ဇ်၊ စတာလင်း တို့ မန်စီးတီးတိုက်စစ်ကို ဦးဆောင်လာနိုင်။
  • ဂျိုတာ၊ နီတို၊ ဂျီမီနက်ဇ်တို့ပါဝင်လာနိုင်ပြီး ကိုရာဒီ၊ ဘိုလီ၊ နီဗက်စ်၊ မော်တင်ဟိုတို့နဲ့အတူ ဝုလ် လူစုံဖွ ယ်ရှိ။
  • အဂူရိုကို ပွဲထွက်စာရင်းမှာ အသုံးပြုလာနိုင်ဖွယ်ရှိနေပြီး မန်ဒီ၊ကန်ဆယ်လိုတို့လည်းပွဲဝင်လာဖွယ်ရှိနေ။
  • ၄-၄-၂၊ ၄-၃-၂-၁ ကစားကွက်တွေကို အခြေခံလေ့ရှိတဲ့ ဝုလ်ဗာဟမ်တန်ရဲ့အဓိက,ကစားသမားအများ စု ဒဏ်ရာပြဿနာကင်းနေ။

ပွဲကြိုအချက်အလက်

  • မန်စီးတီးအနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲကစားပြီးချိန်မှာ ၁ပွဲပဲ ရှုံးထားပြီး ၅ပွဲနိုင်ရလဒ်ရရှိထားခြင်းနဲ့အ တူ တိုက်စစ်က ၂၁ဂိုးသွင်းပြီး ၄ဂိုးပဲ ပြန်ပေးထားရ။
  • အစဉ်အလာအရ နောက်ဆုံး ၉၉ကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှာ မန်စီးတီးရော ဝုလ်ဗာဟမ်တန်ရော ၃၉ကြိ မ်အနိုင်ရထားပြီး ၂၁ကြိမ်သရေကျထားခဲ့။
  • ဝုလ်ဗာဟမ်တန်ကတော့ နောက်ဆုံး ၆ပွဲမှာ ၃ပွဲနိုင် ၁ပွဲသရေ ၂ပွဲရှုံးပြီး ၇ဂိုးသွင်း ၈ဂိုးပြန်ပေးထားခဲ့ရ။
  • မန်စီးတီးအနေနဲ့ ဝုလ်ဗာဟမ်တန်ကိုအိမ်ကွင်းမှာရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ ၄ပွဲနိုင်၁ပွဲ သရေရလဒ်ရရှိထား။

ဖြစ်နိုင်ဖွယ်လူစာရင်း

ဒဏ်ရာရ/ပွဲပယ်

မန်စီးတီး         - ဆာနေးလ်၊ လာပေါ့တီ၊ ဂျွန်စတုန်း၊ ဒီဘရိုင်း။

ဝုလ်ဗာဟမ်တန် - ရှာဘာနီ၊ ဘရူနို၊ ဂျိုတာ(ကြံ့ခိုင်မှုမပြည့်ဝ)

မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်

နှစ်သင်းလုံးကြားရပ်မှာ ဥရောပပွဲစဉ်တွေကစားခဲ့ရတဲ့အတွက် ပွဲပန်းမှုအနည်းငယ်ရှိလာနိုင်ပါတယ်။ မန်စီးတီး ကတော့ အရံကစားသမားအင်အားတောင့်တင်းမှုနဲ့အတူ အဓိက,ကစားသမားအများစုဒဏ်ရာရှိနေပေမယ့်ထင် သလောက်အားစိုက်ရဖို့မရှိပါဘူး။ ဒါပေမဲ့မထင်မှတ်တဲ့ရလဒ်ထွက်ပေါ်လတတ်တာကိုတော့ သတိပြုရမှာပါ။

ခန့်မှန်းရလဒ်    - မန်စီးတီး ၃-၀ ဝုလ်ဗာဟမ်တန်

Share

Loading Next Article...
က္က