ကမ္ဘာ့ထိပ်တန်းအဆင့်ခြေစွမ်း ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း ပြသခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမားဖြစ်တဲ့ ပေါလ်စခိုးဟာ မနေ့က အီတီဟတ်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဗင်းဆင့်ကွန်ပနီ ဂုဏ်ပြုပွဲမှာ အံ့အားသင့်ဖွယ် ဘောလုံးစွမ်းရည်ကို ပြသပြီး အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်နေဆဲဖြစ်ကြောင်း သက်သေပြသခဲ့တယ်လို့ Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ရွှေရောင်မျိုးဆက်ဖြစ်တဲ့ ပေါလ်စခိုးဟာ မန်ချက်စတာစီးတီးဂန္တဝင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ကြယ်စင်စုအသင်းဘက်ကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ အသင်းအတွက် အကျိုးသက်ရောက်မှုရှိအောင် စွမ်းဆောင်ပြဖို့ ရုန်းကန်နေရချိန်မှာ ပေါလ်စခိုးက ဒုတိယပိုင်းမှာ အံ့မခန်း ဘောလုံးပေးပို့မှုပြုလုပ်ခဲ့ပြီး လက်ရှိယူနိုက်တက်ကစားသမားတွေအားလုံးကို အရှက်ရစေခဲ့တာဖြစ်ပါတယ်။





ပေါလ်စခိုးရဲ့ ဘောလုံးကို မကြည့်ဘဲ ဖွဖွလေးပွတ်ဆွဲပြီး ပေးပို့လိုက်တဲ့ ဘောလုံးပေးပို့မှုကြောင့် အီတီဟတ်ကွင်းထဲက ပရိသတ်အားလုံး မင်သက်ခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်အများအပြားက လူမှုကွန်ရက်မှာ ဂန္တဝင်ကစားသမား ပေါလ်စခိုးကို ယူနိုက်တက်အတွက် ပြန်ကစားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပရိသတ်အများစုက ပေါလ်စခိုးအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်မှာ အသက် ၄၄ နှစ်ရှိနေပြီဖြစ်နေတာတောင်မှ ကစားပေးနိုင်ဆဲဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

“အိပ်ပျော်နေတဲ့ ပေါလ်စခိုးက လင်ဂတ်ထက်တောင် ကောင်းဦးမယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ပေါလ်စခိုးက ပေါ့ဂ်ဘာထက်တောင် ကောင်းနေသေးတယ်။ ဘောလုံးပေးပို့မှုက လုံးဝလက်ဖျားခါတယ်” လို့ ရေးသားခဲ့ပါတယ်။

ပေါလ်စခိုးဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ၉၂ ရွှေရောင်မျိုးဆက်ကစားသမားဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ပထမအသင်းအတွက် ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ ပေါလ်စခိုးဟာ ၂၀၁၃ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁၁ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ ကွန်မြူနတီဒိုင်း ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သူူဖြစ်ပါတယ်။

Share

Loading Next Article...
က္က