ဆေးဘက်ဆိုင်ရာကန့်သတ်ချက်တွေကြောင့်ပါ။

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းအတွင်း နှလုံးရောဂါကြောင့် လဲကျခဲ့ရပြီး ကံကောင်းထောက်မစွာနဲ့ အသက်ရှင်သန်ခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်လူအဲရစ်ဆန်ဟာ ဒီရာသီမှာ အင်တာမီလန်အတွက် ကစားပေးခွင့်မရရှိခဲ့ဘူးလို့ သိရပါတယ်။ စီးရီးအေရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် အဲရစ်ဆန်ကို ကစားခွင့်ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ သိရပြီး ကလပ်အသင်းကလည်း သူ့ကိုရောင်းချသွားတော့မယ်လို့ သိရပါတယ်။ 



အေဂျက်ဇ်နောက်ခံလူဒီလေဘလင်းဟာလည်း အလားတူဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး လက်ရှိမှာတော့ သူက နှလုံးမှာစက်ထည့်ကာ ဘောလုံးကစားနေဆဲဖြစ်ပါတယ်။ ဒါကြောင့် အဲရစ်ဆန်ကလည်း အသက်သေဆုံးသည်အထိ နှလုံးခုန်ရပ်သွားတာကို ကာကွယ်နိုင်ဖို့ ပုံမှန်ပြန်ဖြစ်စေမယ့် ICD စက်ကို တပ်ဆင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးပြန်ကစားပေးဖို့ မျှော်လင့်ချက်တွေကရှင်သန်နေခဲ့ကာ သြဂုတ်လအတွင်း ခွဲစိတ်ကုသမှုတွေပြုလုပ်အပြီးမှာ ရုပ်ပိုင်း၊စိတ်ပိုင်းဆို်င်ရာ သန်မာလာစေဖို့ကို အားထုတ်နေခဲ့ပါတယ်။ 

ဒါပေမယ့်လည်း အင်တာမီလန်ဘက်က သတင်းထုတ်ပြန်ခဲ့မှုမှာတော့ "ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကျင်းပစဉ်ကာလအတွင်း သူ့ရဲ့စိုးရိမ်ဖွယ်ဒဏ်ရာပြသနာကြောင့် အီတလီဆေးဘက်ဆိုင်ရာအာဏာပိုင်တွေက ဒီရာသီ အားကစားပွဲစဉ်တွေမှာ သူ့ကို ပါဝင်ကစားခွင့်မပေးဖို့ ယာယီကန့်သတ်ခဲ့ပါတယ်၊ ကစားသမားရဲ့ လက်ရှိအခြေအနေကလည်း အီတလီမှာသတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ ပြည့်ဝချင်းမရှိပါဘူး"

"အခြားနိုင်ငံတွေမှာလည်း ဒီလိုပြသနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားတွေအတွက် လိုအပ်ချက်တွေက အတူတူပါပဲ" လို့ ပါရှိခဲ့ပါတယ်။ ဒါကြောင့် အဲရစ်ဆန်ဟာ ဒီရာသီမှာ အင်တာမီလန်အတွက် ပါဝင်ကစားခွင့်လုံးဝရရှိတော့မှာမဟုတ်ဘဲ ပွဲကြည့်ပရိသတ်အဖြစ်နဲ့သာ ရှိနေဦးမှာဖြစ်ပါတယ်။ ဥရောပရဲ့ အခြားသောကလပ်တွေနဲ့ လိဂ်တွေမှာတော့ ဆေးဘက်ဆိုင်ရာစည်းကမ်းချက်တွေက အီတလီလောက်တင်းကျပ်မှုမရှိဘူးလို့သိရပါတယ်။ 

အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းပညာသိပ္ပံဆိုင်ရာကော်မတီအဖွဲ့ဝင်တစ်ဦးက အဲရစ်ဆန်အနေနဲ့ စက်တပ်ဆင်ထားမှုကို မဖြုတ်နိုင်သေးသရွေ့ အီတလီမှာ ကစားခွင့်ရမှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ဇန်နဝါရီမှာ အဲရစ်ဆန်အနေနဲ့ အသင်းပြောင်းရွှေ့ကာ ကစားဖွယ်ရှိတယ်လို့လည်း ယူဆရပါတယ်။ ၂၀၂၀ ဇန်နဝါရီမှာ အင်တာမီလန်ကို စပါးကနေ ပြောင်းရွှေ့ခဲ့တဲ့ အဲရစ်ဆန်ဟာ ပရီးမီးယားလိဂ်မှာတော့ အကောင်းဆုံးကွင်းလယ်လူတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက အင်တာနဲ့အတူ စီးရီးအေဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က