• Featured

    အီတလီရဲ့ ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ပေးလိုက်တဲ့ ဖာရန်းတောရက်စ်နဲ့ စပိန်

နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲကစားခဲ့ကြတာပါ။

အီတလီကတော့ ရှုံးပွဲမရှိစံချိန်ရပ်တန့်သွားခဲ့ရကာ ဖလားနောက်တစ်လုံးရယူရေး မျှော်လင့်ချက်အဆုံးသတ်သွားခဲ့ပါတယ်။ 


နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲအဖြစ် ကစားခဲ့တဲ့ ယူရိုချန်ပီယံအီတလီ နဲ့ စပိန်တို့ရဲ့ ပွဲမှာတော့ စပိန်က ၁-၂ နဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲကိုတက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ-ပြင်သစ်ပွဲစဉ်က အနိုုင်ရအသင်းနဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာဖြစ်ပြီး အီတလီကတော့ ရှုံးပွဲမရှိစံချိန်ရပ်တန့်သွားခဲ့ရကာ ဖလားနောက်တစ်လုံးရယူရေး မျှော်လင့်ချက်အဆုံးသတ်သွားခဲ့ပါတယ်။ 

image

ဒီပွဲမှာ ပွဲချိန် ၄၂ မိနစ်မှာ ဘိုနူချီထုတ်ပယ်ခံခဲ့ရလို့ အီတလီရုန်းကန်ခဲ့ရပြီး စပိန်အတွက် ဖာရန်းတောရက်စ်နဲ့ လူငယ်ကစားသမားဂါဗီယာတို့ ခြေစွမ်းပြခဲ့ပါတယ်။ ဖာရန်းတောရက်စ်တစ်ဦးတည်းက စပိန်အတွက် ၂ဂိုးသွင်းခဲ့ပြီး ပယ်လီဂရီနီက ၈၃ မိနစ်မှာ ချေပဂိုးရယူပေးခဲ့ပေမယ့် နောက်ထပ်ဂိုးရဖို့မစွမ်းဆောင်နိုင်တော့တာကြောင့် အီတလီတို့ နေးရှင်းလိဂ်ဖလားရယူပေး မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ပါတယ်။ 

၃၆ ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့တဲ့ အီတလီမှာ ယူရိုပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ဂိုးသမားဒွန်နာရမ်မာပါဝင်လာခဲ့ပြီး ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကိုပါ ရရှိခဲ့ပါတယ်။ နည်းပြမန်စီနီကလည်း သူ့ကစားသမားအပေါ် ပရိသတ်တွေရဲ့လုပ်ရပ်ကြောင့် ဒေါသထွက်နေပြီး နိုင်ငံအသင်းကို ကိုယ်စားပြုကစားနေတာဖြစ်ကြောင်းနဲ့ အီတလီဟာ အားလုံးရဲ့အထက်မှာရှိနေကြောင်း ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ 

ယူရိုပြိုင်ပွဲမှာ ရလဒ်မကောင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ လူးဝစ္စအင်းနရစ်ကတော့ နေးရှင်းလိဂ်ဗိုလ်လုပွဲဆီ စပိန်ကို ပို့ဆောင်ပေးနိုင်ခဲ့လို့ စိတ်သက်သာရာရခဲ့ပါတယ်။ မန်စီးတီးကစားသမား ဖာရန်းတောရက်စ်က သူ့ရဲ့အဓိကတိုက်စစ်ကစားသမားအဖြစ်ရှိနေကာ တိုက်စစ်မှူးစစ်စစ်တစ်ဦးမှမပါဝင်ခဲ့တဲ့ စပိန်တိုက်စစ်ကို သူပဲ ဦးဆောင်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့တာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က