၈ပွဲဆက်အနိုင်ရရှိနေမှုကို ယူနိုက်တက်က ၉ပွဲမြောက်မှာရပ်တန့်လိုက်ပါတယ်။

၈ပွဲဆက် နိုင်ပွဲနဲ့အတူ လိဂ်ကို ဦးဆောင်နေပြီး ရှုံးပွဲမရှိစံချိန်နဲ့ နှစ် ၃၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဆုကို ရယူဖို့ ချိန်ရွယ်နေတဲ့ လီဗာပူးတို့ လယ်လာနာရဲ့ နောက်ကျဂိုးကြောင့် ရှုံးပွဲမရှိစံချိန်ကောင်းကျိုးပျက်မဲ့အရေးကနေသီသီကလေး လွတ်မြောက်လာတာပါ။

စူပါဆန်းဒေးရဲ့ တစ်ပွဲတည်းသော ပွဲကြီးပွဲကောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့လီဗာပူးအသင်း တို့ပွဲစဉ်ကတော့ တစ်ဖက် တစ်ဂိုးစီ သရေပွဲနဲ့ ပြီးဆုံးခဲ့ပါတယ်။



လီဗာပူးအသင်းက ပုံစံကောင်းရနေပေမယ့် အားထားရတဲ့ တိုက်စစ်မှူး ဆာလာ မပါဝင်မှုနဲ့အတူ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ မထင်မှတ်တဲ့ တုံ့ပြန်မှုကြောင့် ကစားရခက်ခဲ့တာတွေ့ရပါတယ်။

ကစားရခက်ခဲ့သလို အိုးထရက်ဖို့ဒ်ရဲ့ အရှိန်အဝါအောက်မှာ ကစားကွက်ကောင်းစွာပုံဖော်နိုင်ခြင်းမရှိတဲ့ အနေအထားတစ်ခုထိ ဖြစ်ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းကတော့ လူငယ်ကစားသမားလေး ဂျိမ်းရဲ့ လှုပ်ရှားမှုတွေနဲ့အတူ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ ဦးဆောင်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးအသင်းက တိုက်စစ်မှူး မာနေး ချေပဂိုး ပြန်သွင်းယူခဲ့ပေမယ့် ကွင်းလယ်ဒိုင်က လက်ထိတယ်ဆိုပြီး VAR စနစ်နဲ့ ဂိုးကို ခွင့်မပြုခဲ့တာကြောင့် ပထမပိုင်းမှာ မန်ချက်စတာယူနိုက်တက်က ၁-၀ နဲ့ ဦးဆောင်နေနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးက ချိန်ဘာလိန်၊လယ်လာနာတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်လိုက်တဲ့အတွက် တိုက်စစ်အားသာလာပြီး ၈၅ မိနစ်မှာတော့ချေပဂိုးကို လူစားဝင် ကစားသမား လယ်လာနာကပဲပိတ်သွင်းရ ယူပေးခဲ့တာပါ။



အခုလို သရေပွဲဖြစ်ခဲ့တာကြောင့် လီဗာပူးအသင်းဟာ ရမှတ် ၂၅မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေနိုင်ဆဲဆိုပေမယ့် ဒုတိယနေရာက မန်စီးတီးကိုတော့ ၆ မှတ်သာ အမှတ်ဖြတ်နိုင်ပါတော့တယ်။

အလားတူ ယူနိုက်တက်ကလည်းနိုင်ပွဲနဲ့ဝေးခဲ့ပေမယ့်လည်း သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ရမှတ် ၁၀ မှတ်နဲ့အတူ အဆင့် ၁၃ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ရင် ရောက်ရှိမယ့် တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၉)ရဲ့ လက်ကျန် နောက်ဆုံးပွဲဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်ကိုတော့ မနက်ဖြန်ညမှာ ဆက်လက်ကစားပါမယ်။

Share

Loading Next Article...
က္က