ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တော်မှာ COVID-19 ထိန်းချုပ်ရေး သီတင်းပတ်ကုန် ရက်တွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်မှုကို ကန့်ကွက်ဆန္ဒပြရာမှ လွှတ်တော်နေရာမှာ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နဲ့ ဆန္ဒပြသူများ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
(Photo: Darko Vojinovic/AP)
အင်္ဂါနေ့ (ဇူလိုင် ၇ ရက်) ညပိုင်းမှာ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမှုတွေ စတင်ခဲ့ပြီး COVID-19 ကူးစက်မှုများ မြင့်တက်လာတာကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်မယ့် အစီအစဥ်အပေါ် ဒေါသထွက်ခဲ့ကြပါတယ်။ ထို့နောက် ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အအုံထဲကို ဝင်ရောက်စီးနင်းခဲ့ကြရာ ရဲတပ်ဖွဲ့က ကြားဖြတ်ဟန့်တားခဲ့ပြီး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပါတယ်။
(Photo: Marko Drobnjakovic/AP)
ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့ပါတယ်။ လက်ယာစွန်းရောက် အမျိုးသားရေးဝါဒီတွေက ဆူပူအုံကြွမှုဖြစ်စေရန် ဖန်တီးခဲ့ကြပြီး လွှတ်တော်ကို စီးနင်းခဲ့ကြတယ်လို့ အပြစ်ဖို့ထားပါတယ်။ ဆားဘီးယားမီဒီယာက ဖော်ပြမှုအရ ဆန္ဒပြသူတွေထဲမှာ ကာကွယ်ဆေးနဲ့ 5G ဆက်သွယ်ရေးစနစ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ လွှတ်တော်အမတ်တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဆားဘီးယားသမ္မတ Alexander Vucic က ဆန္ဒပြမှုတွေကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၈ ရက်) မှာ ရှုတ်ချလိုက်ပြီး နှစ်များစွာအတွင်း လူမဆန်ဆုံး နိုင်ငံရေးအကြမ်းဖက်မှုအဖြစ် ပြောဆိုခဲ့ပါတယ်။
(Photo: Marko Drobnjakovic/AP)
COVID-19 ကူးစက်မှု မြင့်တက်တဲ့အန္တရာယ်ကို ထောက်ပြခဲ့ပြီး ဆန္ဒပြမှုတွေ အဆုံးသတ်ကြရန်လည်း သမ္မတက မေတ္တာရပ်ခံခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။ ဆားဘီးယားနိုင်ငံမှာ လတ်တလော ရက်ပိုင်းအတွင်း ကူးစက်မှုများ ပြန်မြင့်တက်နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၇,၀၀၀ ကျော်၊ သေဆုံးသူ ၃၄၁ ဦးနဲ့ ပြန်လည်သက်သာသူ ၁၃,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။
.