အလုပ်ကြိုးစားချင်စိတ်ကလည်း ကျွန်တော့်ထက်ပိုတယ်။

ရဲနောင်ကတော့ သူနဲ့အသားအရောင်မတူတဲ့ ကောင်မလေးကို ချစ်သူတော်ထားတယ်လို့ ရယ်ရယ်မောမောနဲ့ပြောပြလာပါတယ်။ အခုဆိုရင် ချစ်သူသက်တမ်း ၃ နှစ်တောင် ရှိပါပြီတဲ့။

Photo: Ye Naung



အဆိုတော်ရဲနောင်ကတော့ ချစ်သူကောင်မလေးရှိနေပြီလို့ဆိုပါတယ်။ တကယ်တော့ သူတို့ ချစ်သူနှစ်ယောက်ရဲ့ အသားအရောင်ကတော့ အဖြူနဲ့အမဲပါပဲဆိုပြီးတော့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ကောင်မလေးက အရမ်းအသားဖွေးတယ်၊ သူက ရှမ်းတရုတ်စပ်တော့ အသားအရမ်းဖြူတာ။ ကျွန်တော်ကလည်း ဗမာဆန်ဆန် အညာသားလည်းဆန်တော့ အသားအရည်က အနက်ဘက်သွားတယ်။ တကယ်တော့ အဖြူအမဲသဲကွဲအောင်ပေါ့။ ရှင်းရှင်းလင်းလင်းလည်း မြင်ရတယ်ပေါ့။ ကျွန်တော်တို့ ချစ်သူသက်တမ်းကလည်း ၃ လပိုင်း လကုန်ရင်တော့ ၃ နှစ်ပြည့်ပါပြီ” လို့ သူကဆိုပါတယ်။

Photo: Ye Naung

ရဲနောင်ကရဲ့ ချစ်သူကောင်မလေးကတော့ အနုပညာနဲ့ ဆက်နွယ်တဲ့ စီးပွားရေးကို ဦးဆောင်နေတယ်လို့ ဆိုပါတယ်။ သူ့ကို ပြောင်းလဲပေးတဲ့ အရာတွေလည်းရှိတယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားအထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

“ သူကတော့ ဒီဇိုင်နာလည်းလုပ်တယ်၊ အဝတ်တွေလည်းရောင်းတယ်ဆိုတော့ အနုပညာဘက်တော့ နည်းနည်း နွယ်တာပေါ့နော်။ သူကတော့ ကိုယ့်ကို အများကြီးဖြစ်စေချင်တာပေါ့။ ကျွန်တော့်ရဲ့ ဖက်ရှင်အပိုင်းတွေကအစ ဘယ်လို ဝတ်ဆိုတာမျိုး အကြံပေးတယ်။ ကျွန်တော်က နယ်ကဖြစ်တဲ့အတွက် နယ်အမြင်ပေါ့။ သူကတော့ ရန်ကုန်က ပုံစံလိုဖြစ်အောင် ပြောင်းပေးတာတွေတော့ ရှိတယ်” လို့ ဆိုပါတယ်။

Photo: Ye Naung

ရဲနောင်ကတော့ အချစ်ရေးမှာ သူ့ထက်ငယ်တဲ့ ကောင်မလေးကို ပိုင်ဆိုင်ထားတာလို့ သိရပါတယ်။ အသက်ငယ်ပေမယ့် အလုပ်နဲ့ ပတ်သက်လာရင် သူ့ထက်ပိုအားသာတယ်လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

“ ကောင်မလေးရဲ့ Type ကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ လူငယ်အရမ်းဆန်တာပေါ့။ ကိုယ့်ထက်လည်းပိုပြီးတော့ အလုပ်လုပ်ချင်စိတ်များတယ်။ ကိုယ်ကမှ တစ်ခါတလေကျရင် ပျင်းနေသေးတယ်။ သူကကျတော့ အလုပ်၊ အလုပ်ချည်းပဲ ပိုက်ဆံဘယ်လိုရှာရမယ်ဆိုတာပဲ တွေးတဲ့သူ။ ကိုယ့်ထက် ၄ နှစ်လောက် ငယ်ပေမယ့် ကိုယ့်ထက် အများကြီး ရှေ့ကိုပြေးတယ်။ အရမ်းတိကျတဲ့သူဆိုတော့ ကိုယ်ပါလိုက်ပြီးတော့ တိကျရတယ်” လို့ သူက ဆိုပါတယ်။

Photo: Rosey Lin Win

ရဲနောင်ကိုတော့ ပရိသတ်တွေက Myanmar idol သီချင်းဆိုပြိုင်ပွဲဝင်တစ်ဦးအဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်မှာ “ချာလီ” လို့ နာမည်ပေးထားတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေကို ထွက်ရှိနိုင်ခဲ့သူပါ။ အဲဒီနောက်မှာတော့ “သိပ်ချစ်လို့” ၊ “ရိုးမြေကျ” စတဲ့ Single Song လေးတွေ ထွက်ရှိထားပါသေးတယ်။ ဖျော်ဖြေရေးပွဲတွေလည်း သီဆိုနေရပြီဖြစ်သလို ဒုတိယအခွေ ထွက်တော့မယ်လို့လည်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က