ချမ်းအေးသာဇံမြို့နယ် အ.ထ.က ၅ မှာဖြေဆိုနေတာပါ။
မတ်လ ၆ ရက်နေ့မှာ စတင်ကျင်းပနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း အသက် ၇၃ နှစ်အရွယ် ဦးစိုင်းအောင်ညွှန့်လည်း ပါဝင်ဖြေဆိုနေတယ်လို့ သိရပါတယ်။

ရှမ်းတိုင်းရင်းသား ဦးစိုင်းအောင်ညွန့်ဟာ ချမ်းအေးသာဇံမြို့နယ် အ.ထ.က ၅ မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနဲ့ ဇီဝဗေဒ ဘာသာရပ်တွေနဲ့ ဝင်ရောက်ဖြေဆိုနေတာဖြစ်ပြီး မြန်မာဘာသာရပ်ကို ကောင်းစွာဖြေဆိုနိုင်တယ်လို့ ပြောပါတယ်။



"တစ်နှစ်လုံး သင်လာပြီး တစ်နှစ်လုံးကျက်လာပြီးဆိုတော့လည်း ဒီလောက်တော့ဖြေနိုင်ရမှာပေါ့။"လို့ ဦးစိုင်းအောင်ညွှန်က မီဒီယာတွေကိုပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ စာစစ်ဌာန ၂၀၃ ခုရှိပြီး စာမေးပွဲဝင်ရောက်ဖြေဆိုမယ့်သူ တစ်သိန်းနှစ်သောင်းသုံးထောင်ကျော် စာရင်းသွင်းထားတာကြောင့် မနှစ်ကထက် စာမေးပွဲဖြေသူပိုများတယ်လို့တယ်လို့ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးကနေ သိရပါတယ်။



၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွေကို မတ်လ ၆ ရက်နေ့မှာ စတင်ကျင်းပနေတာဖြစ်ပြီး မတ်လ ၆ ရက်နေ့မှာ မြန်မာစာ၊ မတ်လ ၇ ရက်နေ့မှာ အင်္ဂလိပ်စာ၊ မတ်လ ၈ ရက်နေ့မှာ သင်္ချာ၊ မတ်လ ၉ ရက်နေ့မှာ စိတ်ကြိုက်မြန်မာစာ၊ မတ်လ ၁၁ ရက်နေ့မှာ ဓာတုဗေဒ၊ မတ်လ ၁၂ ရက်နေ့မှာ ရူပဗေဒ၊ မတ်လ ၁၃ ရက်နေ့မှာ ဇီဝဗေဒ/ဘောဂဗေဒ၊ မတ်လ ၁၄ ရက်နေ့မှာ ပထဝီဝင် နဲ့ မတ်လ ၁၅ ရက်နေ့မှာ သမိုင်းဘာသာရပ် အသီးသီးဖြေဆို ကြရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က