Facebook ကတော့ ၁၉၉၈ အချက်အလက်ကာကွယ်ရေးအက်ဥပဒေအရ အမြင့်ဆုံးဒဏ်ရိုက်ခံခဲ့ရပါတယ်။

နိုင်ငံတကာ လေကြောင်းလိုင်းအဖွဲ့IAG ပိုင် British Airways ကို သတင်းအချက်အလက် ကော်မရှင်နာရုံး ICO ဟာ စံချိန်တင် အမြင့်ဆုံးဒဏ် တပ်ခဲ့ပါတယ်။

         ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖောက်သည်ပေါင်း ၅ သိန်း ဝန်းကျင်ရဲ့ အချက်အလက်တွေ ပေါက်ကြားစေမှုနဲ့ICO ဟာ British Airways ကို အထွေထွေအချက်အလက် ကာကွယ်ရေးစည်းမျဉ်း GDPR အတိုင်း ဒဏ်ရိုက်မယ်လို့ကြေညာခဲ့တာ ဖြစ်တယ်လို့CNET သတင်းမှာ ဖော်ပြထားပါတယ်။ British Airways ရဲ့ ဝက်ဘ်ဆိုက်ကို တိုက်ခိုက်ခဲ့တဲ့ ဟက်ကာတွေဟာ ဖောက်သည်တွေရဲ့ ခရစ်ဒစ်ကဒ်အချက်အလက်များ ၊ နာမည် ၊ လိပ်စာနဲ့ခရီးသွားဘွတ်ကင်တင်ထားတဲ့ အချက်အလက်အသေးစိတ်များအပြင် Logins ဝင်ခဲ့တာတွေကိုပါ ရယူသွားခဲ့တာပါ။

         British Airways ဟာ လုံခြုံရေးစီမံမှု အားနည်းခဲ့တယ်လို့ICO က ဆိုပါတယ်။ ဟက်ကာတွေဟာ British Airways ဝက်ဘ်ဆိုက်ထဲ ဝင်လာတဲ့ သူတွေကို တစ်ခြား site အတုတစ်ခုကို လမ်းကြောင်းလွဲှခဲ့ပြီး အချက်အလက် ရယူသွားတာ ဖြစ်ပါတယ်။ သြဂုတ်လကနေ စက်တင်ဘာအတွင်း ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ ကတ်ငွေချေမှုပေါင်း ၃၈၀၀၀၀ အထိ ထိခိုက်မှု ရှိတယ်လို့ဆိုပါတယ်။

         နောက်ပိုင်းမှာတော့ ၂၀၁၈ ဧပြီကနေ ဇူလိုင်အတွင်းမှာလည်း အလားတူ ဘွတ်ကင်တင်သူပေါင်း ၁၈၅၀၀၀ လည်း တိုက်ခိုက်ခံခဲ့ရဖွယ်ရှိတယ်လို့လေကြောင်းလိုင်းဘက်မှ နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။ GDPA အချက်အလက်ကာကွယ်ရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့ ကုမ္ပဏီဟာ တစ်နှစ်အတွင်း ဝင်ငွေရဲ့ ၁.၅% ဒဏ်ရိုက်ခံရမယ်လို့သတ်မှတ်ထားပါတယ်။ British Airways ရဲ့ မိခင်ကုမ္ပဏီ IAG ဟာ ဒီတိုက်ခိုက်ခံရမှုကို အချိန်မှီအကြောင်းကြားဖို့ပျက်ကွက်ခဲ့ခြင်းကြောင့် ဒေါ်လာ သန်း ၂၃၀ ဒဏ်ရိုုက်ခံရတော့မယ်လို့ဆိုပါတယ်။

Photo: BBC

         GDPR ဟာ ပြီးခဲ့တဲ့နှစ်ကစပြီး အသက်ဝင်ခဲ့တဲ့ အချက်အလက်ကာကွယ်ရေးဥပဒေဖြစ်ပြီး ယခုဒဏ်ရိုက်မှုဟာ GDPR ရဲ့ အမြင့်ဆုံး ဒဏ်ကြေးလည်း ဖြစ်ပါတယ်။ British Airways မတိုင်ခင်က Facebook ဟာ GDPR စည်းမျဉ်းသစ်အရင် ၁၉၉၈ အချက်အလက် ကာကွယ်ရေးအက်ဥပဒေအရ Cambridge Analytica ဒေတာအရှုပ်တော်ပုံကြောင့် ပေါင် ၅ သိန်း ဒဏ်ရိုက်ခံရခြင်းဟာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ GDPR အရ ကုမ္ပဏီတွေဟာ ဒေါ်လာ ၂၂.၄ သန်း ( ပေါင် သန်း ၂၀) သို့မဟုတ် ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် ဝင်ငွေအရပ်ရပ်ရဲ့ ၄% အထိ ဒဏ်ရိုက်ခွင့် ရှိပါတယ်။

         British Airways ဟာ ယခုဒဏ်ကြေးကို အတည်ဖြစ်ကြောင်း စီရင်ချက်မချခင် ခုခံချေပဖို့၂၈ ရက် အချိန်ရမှာပါ။ IAG ရဲ့ အမှုဆောင်အရာရှိချုပ် ဝီလီလ်ဝေါ့ရှ်ကတော့ ကုမ္ပဏီအနေနဲ့အယူခံတင်သွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က