ယူနိုက်တက်တို့ နောက်ထပ်အမှတ်လျော့ခဲ့တဲ့ပွဲတပွဲဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရချိန်၊ ပွဲကျပ်တွေစောင့်ကြိုနေချိန်မှာ ဒီလိုမျိုး အမှတ်လျော့တာက တော်တော်လေး နစ်နာပါတယ်။ ဒီပွဲအတွက် ယူနိုက်တက်တို့ ၄-၂-၂-၂ ကစားကွက်ဆန် ခင်းကျင်းခဲ့ပြီး မက်ဂွိုင်းရားကို အရံခုံပို့ခဲ့ပါတယ်။
ပထမပိုင်းမှာ ယူနိုက်တက်တို့ ထုံးစံအတိုင်း အပိုင်အခွင့်အရေးတွေလွဲချော်ခဲ့ပြီး ရော်နယ်ဒိုရဲ့ သွင်းဂိုးကလည်း လူကျွံနေခဲ့ပါတယ်။
ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ ဖရက်ဒ်ကို ထုတ်ပြီး ဆန်ချိုကိုထည့်ကာ ကစားပုံပြောင်းခဲ့သလို မာတစ်၊ အဲလက်စ်တဲလက်စ်တို့ကို ထုတ်ပြီး ရပ်ရှ်ဖို့ဒ်၊ လုခ်ရှောတို့နဲ့ တိုက်စစ်ပိုမြှင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးဆုံးချိန်အထိ ယူနိုက်တက်တို့ လိုအပ်နေတဲ့ အနိုင်ဂိုးမရရှိခဲ့ဘဲ အိမ်ကွင်းမှာ ဂိုးပေါက်လည်းပျောက်၊ နိုင်ပွဲလည်းပျောက်ဖြစ်ခဲ့ရပါတယ်။
တချိန်တည်း ကစားခဲ့တဲ့ အခြားသောပွဲစဥ်တွေမှာ နယူးကာဆယ်က တယောက်လျော့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ဘန်လေပွဲမှာတော့ တဖက်တဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ပွဲမှာတော့ နှလုံးရောဂါကနေ ပြန်လည်သက်သာလာတဲ့ အဲရစ်ဆင်တယောက် သူ့အတွက် တကျော့ပြန် ပထမဆုံးပွဲကို လူစားဝင်ကစားသွားခဲ့ပါတယ်။