နေမင်းကတော့ ဆရာကြီးမင်းသိင်္ခဝတ္ထုပေါင်းများစွာထဲကမှ သူနဲ့လိုက်ဖက်မယ့် ဇာတ်ကောင်တစ်ကောင်ကို ရွေးချယ်လို့နေပါတယ်။ ပရိသတ်တွေကတော့ ဆားပုလင်းနှင်းမောင် ကာရိုက်တာနဲ့လိုက်တယ်လို့ ဆိုပါတယ်။
Photo: Nay Min
နေမင်းဟာ ဆားပုလင်းနှင်းမောင် ဝတ္ထုတွေထဲကမှ ဘယ်လို ဇာတ်ကောင်နဲ့လိုက်ဖက်မလဲ ဆိုတဲ့အပေါ် ပရိသတ်တွေကို မေးခွန်လေးတစ်ခု ထုတ်ခဲ့ပါတယ်။
‘’ဆရာကြီးမင်းသိင်္ခ ၏ ဆားပုလင်းနှင်းမောင် ဝတ္ထု တွေများမှ ဘယ်ဇာတ်ရုပ်တွေသည် ကျွန်တော် နှင့် သင့်တော်၍ လိုက်ဖက်နိုင်သည် ဆိုတာကို အကြံဉာဏ်လေးပေးပါ လား ဟင်, pls’’ ဆိုပြီးတော့ ဇူလိုင်လ ၉ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ပရိသတ်တော်တော်များများက ဆားပုလင်းနှင်းမောင် ကာရိုက်တာနဲ့ လိုက်ဖက်တယ် ဆိုပြီးတော့ Comment ကနေတဆင့် ရေးသားပြောဆိုထားကြတာ တွေ့ရပါတယ်။
Photo: Nay Min
နေမင်းဟာ မိသားစု စီးပွားရေးဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအပြင် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း တာဝန်ယူ ဆောင်ရွက် နေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဆောက်လုပ်ရေး လုပ်ငန်းဘက်မှာ ပိုပြီးတော့ တာဝန်ယူဆောင်ရွက်နေတယ်လို့ ဆက်လက်ပြောပြ ထားပါတယ်။
''ကျွန်တော်တို့ မိသားစုက ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေး ၂ ခုရှိတာဆိုတော့ ဆောက်လုပ်ရေးဘက်မှာ အချိန်ဖြုန်းနေတာများပါတယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့ က ၅၅ ကြိမ်မြောက် မြန်မာနိုင်ငံ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအခမ်းအနားမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
Photo: Nay Min
သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။