မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အက်သလက်တီကိုမက်ဒရစ်ကစားသမားသောမတ်စ်လီမာကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ကစားသမားရဲ့ အေးဂျင့်ကို ပြီးခဲ့တဲ့တစ်ပတ်မှာ ယူနိုက်တက်ဘက်က ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ESPN က ဖော်ပြသွားခဲ့ပါတယ်။
လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ကျန်ဘောလုံးရာသီပွဲစဉ်တွေကို ရပ်နားထားရချိန်မှာ ယူနိုက်တက်က ကစားသမားသစ်ခေါ်ယူဖို့အတွက် အားထုတ်လာခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ကွငး်လယ်လူကို လီဗာပူးလ် နဲ့ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားနေပြီးတော့ မိုနာကိုမှာ ကစားခဲ့ချိန်အတွင်းမှာ အလေးထားချိတ်ဆက်ခဲ့ကြပေမယ့် အက်သလက်တီကိုမက်ဒရစ်က လက်ဦးမှုရရှိခဲ့ပါတယ်။
မိုနာကိုအသင်းကို ပြင်သစ်လီဂူးဖလားရရှိအောင်နဲ့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်အောင် လီမာက ကူညီပေးခဲ့သူဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားက ၂၀၁၈ မှာ အက်သလက်တီကိုကို ပြောင်းရွှေ့ကြေးယူရိုသန်း ၇၀ နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး အသင်းအတွက် သွင်းဂိုး ၃ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်သာပြုလုပ်ပးထားနိုင်ခဲပါတယ်။
ဆီမြွန်နီရဲ့ ကစားကွက်မှာ သူ့အတွက်အဆင်ပြေမှုမရှိဘူးလိုု့ လီမာက ခံစားနေရကြောင်း သတင်းတွေထွက်နေပြီး လာမယ့်လတွေအတွင်းမှာ မက်ထရိုပိုလီတန်နိုကနေ ထွက်ခွာဖို့အတွက် စီစဉ်နေတယ်လို့လညး် သိရပါတယ်။ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားဆုကို ဆွတ်ခူးနိုင်ခြ့တဲ့ လီမာဟာ စပိန်ကလပ်နဲ့ စာချုပ်သက်တမ်း ၃ နှစ်အထိ ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း အက်သလက်တီကိုဥက္ကဌအင်းနရစ်ဆီရီဇိုကိုယ်တိုင်က ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို နားစွင့်နေပြီလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။