• အကြမ်းဖက်မှု အားပေးရာရောက်တယ်ဆိုပြီး ထရမ့်ရဲ့ Tweet သစ်တစ်ခု Twitter ကန့်သတ်

မင်နီဆိုးတားပြည်နယ် ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ရေးခဲ့တာပါ

Twitter နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အကြား ထိပ်တိုက်တွေ့ဆုံမှုကတော့ ပြင်းထန်လာနေပါတယ်။

အခုဆို "အကြမ်းဖက်မှု ချီးကျုးအားပေးရာ‌ရောက်ခြင်း" နဲ့ ပတ်သက်ပြီး Twitter ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာကြောင့် ကုမ္ပဏီဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ Tweet တစ်ခုကို ပလက်ဖောင်းပေါ်ကနေ ဖျောက်ထားပါတယ်။ Twitter အနေနဲ့ သမ္မတထရမ့်ရဲ့ Tweet ကို ပလက်ဖောင်းရဲ့ စည်းမျဉ်းနဲ့ မညီတာကြောင့် အများပြည်သူအကျိုးအတွက် အသိပေးမှု လုပ်ဆောင်တာ ဖြစ်တယ်လို့ The Verge သတင်းမှာ ဆိုပါတယ်။

image

Photo: NBC News

သမ္မတထရမ့်ရဲ့ Tweet ကို ပလက်ဖောင်းပေါ်ကနေ အပြီးတိုင် ဖယ်ရှားလိုက်တာ မဟုတ်ဘဲ View button နှိပ်ပြီး ဝင်ကြည့်နိုင်အောင် Hide လုပ်ပြီး ဖျောက်ထားတာ ဖြစ်ပါတယ်။ ဒီ Tweet ရဲ့ ပျံ့နှံ့နှုန်းကိုလည်း ကန့်သတ်ထားပါတယ်။ Twitter သုံးစွဲသူတွေဟာ မှတ်ချက်တစ်ခုနဲ့ ပြန်ပြီး Retweet လုပ်နိုင်ပေမယ့် တိုက်ရိုက် Retweet နဲ့ Like / Reply လုပ်လို့တော့ မရပါဘူး။

အခုလို အသိပေးထားတာဟာ ဒီ Tweet ကို Twitter ပလက်ဖောင်းပေါ်ကနေ ထောက်ခံမှု မပေးထားဘူးလို့ ဆိုလိုကြောင်း ကုမ္ပဏီက ပြောပါတယ်။မင်နီယာပိုလစ်ဆန္ဒပြသူတွေနဲ့ ပတ်သက်ပြီး ဆူပူနှောင့်ယှက်မှု ဆက်ဖြစ်နေမယ်ဆိုရင် စစ်တပ်နဲ့ မြို့ကို ထိန်းချုပ်မယ်လို့ ယူဆပြီး လုယက်မှု ဖြစ်လာရင် စပြီး ပစ်ခတ်ဖို့ သမ္မတထရမ့်မှ ဒီမနက်အစောပိုင်းက Tweet မှာ ရေးခဲ့တာပါ။

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မင်နီယာပိုလစ်မြို့မှာ လက်နက်မဲ့ လူမည်းအမျိုးသားတစ်ဦးကို ရဲတစ်ဖွဲ့က ဖမ်းဆီးချုပ်နှောင်ရာမှ သေဆုံးပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စာရွက်စာတမ်း အတုလုပ်မှု သံသယနဲ့ ဖမ်းဆီးရင်း သေဆုံးခဲ့ရသူ ဂျော့ချ်ဖလွိုက်ကို ရဲများ ဖမ်းဆီးနေတဲ့ ရုပ်သံမှတ်တမ်း ပေါ်ထွက်လာပြီးနောက် မင်နီဆိုးတားပြည်နယ် ရဲအရာရှိ ၄ ဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။ 


Photo: Star Tribune

ထရမ့်ရဲ့ "လုယက်မှုစရင် ပစ်ခတ်" ဖို့ ပြောတဲ့ စကားဟာ ၁၉၆၇ ခုနှစ် ဒီဇင်ဘာလ ဆူပူမှုကို ကိုင်တွယ်ခဲ့တဲ့ မိုင်ယာမီရဲအကြီးအကဲ ဝေါ့လ်တာ ဟက်ဒ်လေရဲ့စကားကို ပြန်သုံးခဲ့တာ ဖြစ်တယ်လို့ Twitter က ဆိုပါတယ်။ Twitter ဟာ သမ္မတထရမ့်ရဲ့ Tweet ကို အချက်အလက်မှားကြောင်း Fact-Checking မက်ဆေ့ချ် နဲ့ သတိပေးထားတဲ့ လူမှုကွန်ရက်ကုမ္ပဏီ ဖြစ်ပါတယ်။

သမ္မတထရမ့်ကလည်း Twitter ရဲ့ လုပ်ရပ်ကို လွတ်လပ်စွာပြောဆိုမှုကို ချုပ်ခြယ်တာဖြစ်ပြီး ဒါမျိုး လက်မခံကြောင်း တုန့်ပြန်ခဲ့သလို လူမှုကွန်ရက်ကုမ္ပဏီများအပေါ် အကာအကွယ်ပေးထားတဲ့ တရားရေးအခွင့်တစ်ချို့ကို ဖယ်ရှားဖို့လည်း တိုက်ရိုက်အမိန့်မှာ လက်မှတ်ရေးထိုးထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က