လက်စတာနဲ့ပွဲမှာ အဓိကကစားသမား ၃ဦးအထိ လွဲချော်ဖွယ်ရှိနေတဲ့အချိန်မှာ ဆိုးလ်ရှားက ဝါရင့်ကစားသမားတွေကို အသင်းမှာ ပါဝင်ခွင့်ရရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အသင်းရဲ့ စီနီယာကစားသမား ၃ဦးအနေနဲ့ အသင်းအတွက် ပုံစံကောင်းပြသနိုင်ဖို့အတွက် ပြောဆိုလိုက်ပါတယ်။ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရပြီး လက်စတာနဲ့ပွဲမှာ အဓိကကစားသမား ၃ဦးအထိ လွဲချော်ဖွယ်ရှိနေတဲ့အချိန်မှာ ဆိုးလ်ရှားက ဝါရင့်ကစားသမားတွေကို အသင်းမှာ ပါဝင်ခွင့်ရရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။
အန်သိုနီမာရှယ်၊ ပေါ့ဂ်ဘာနဲ့ လုခ်ရှောတို့ ပါဝင်နိုင်ခြင်းမရှိပဲ လက်စတာကို ယူနိုက်တက်က ရင်ဆိုင်ရမှာဖြစ်ပြီး နောက်ခံလူ ဒါလော့၊ ဘိုင်ယီတို့ကလည်း ဒဏ်ရာကြောင့် လွဲချော်ရဦးမှာ ဖြစ်ပါတယ်။ ဂျက်ဆီလင်ဂတ် နဲ့ ဘစ်စ်ကာတို့ကတော့ ဒဏ်ရာပြသနာအသီးသီးကနေ ပြန်လည်သက်သာလာခဲ့ပြီး ပါဝင်ကစားပေးနိုင်ဖွယ်ရှိတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။
ဒီရာသီမှာ လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုအပြည့်အဝပေးထားတဲ့ ဆိုးလ်ရှားက အသင်းရဲ့ စီနီယာကစားသမားတွေဖြစ်တဲ့ အက်ရှ်လေယန်း၊ မာတာ နဲ့ မာတစ်တို့ကို ခြေစွမ်းပြကစားပေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါကစားသမားသုံးဦးဟာ ယူနိုက်တက်အတွက် ပုံမှန်ကစားခွင့်ရရှိဖို့ ရုန်းကန်နေရသူတွေလည်း ဖြစ်ပါတယ်။
"အသင်းမှာ အတွေ့အကြုံရှိကစားသမားတွေကို ပိုင်ဆိုင်ထားတာက ကောင်းမွန်ပါတယ်၊ ဟွမ်မာတာ၊ နီမန်ဂျာ နဲ့ အက်ရှ်တို့က အသင်းရဲ့ ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်မရရှိခဲ့ပါဘူး၊ သူတို့ပါဝင်ခွင့်ရရှိခဲ့မယ်ဆိုရင် အသင်းရဲ့ ပျမ်းမျှအသက်ကတော့ တိုးသွားမှာပါ" လို့ ဆိုးလ်ရှားက လက်စတာနဲ့ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့ပါတယ်။