ပြင်သစ်လူမျိုး တိုက်စစ်မှူး ဘန်ဇီမာဟာ ပြင်သစ်ဝန်ကြီးချုပ် ဒါမာနင်ရဲ့ ပြောစကားတွေအတွက် တရားဥပဒေအရ ပြန်လည်ရင်ဆိုင်သွားဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။ ဘန်ဇီမာဟာ လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေးကိစ္စမှာ ဟားမားစ်တွေဘက်ကနေ ထောက်ခံတဲ့ သဘောနဲ့ ပြောဆိုခဲ့တာပါ။


“မွတ်ဆလင်အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိနေတယ်ဆိုတာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဒါမာနင်ဟာ ဘန်ဇီမာကို ဟားမားစ်တို့ရဲ့ ဝါဒဖြန့်ချိရေး အေးဂျင့်အဖြစ်လည်း စွပ်စွဲပြောကြားခဲ့ပါသေးတယ်။
ဒီအချက်တွေအပေါ်မှာ ဘန်ဇီမာက လက်သင့်မခံနိုင်ဖြစ်နေပြီး အခုလိုပဲ တရားဥပဒေအရ ပြန်လည် ရင်ဆိုင်ဖို့ ပြင်ဆင်လာခဲ့တာပါ။ ဒါ့အပြင် ဘန်ဇီမာဟာ သူ့ကို အလားတူ ဝေဖန်ခဲ့တဲ့ ပြင်သစ်အမတ် မိုရာနိုကိုလည်း တရားစွဲဖို့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ မိုရာနိုဟာ အရင်ကတည်းက မွတ်ဆလင် မုန်းတီးရေးသမားတစ်ယောက်ဖြစ်ပြီး အခုချိန်မှာ ဒါမာနင်နည်းတူ ဘန်ဇီမာကို ထိုးနှက်ပြောကြားခဲ့တာပါ။