• Featured

    အကယ်ဒမီ ဂယက်ကတော့ ထနေမှာပဲဆိုတဲ့ ခန့်စည်သူ

အကယ်ဒမီရင်ခုန်သံကို ပြောပြလာပါတယ်။

ခန့်စည်သူဟာ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီပေးပွဲက ပရိသတ်နဲ့ထပ်တူကျမယ်ဆိုပေမယ့် ဂယက်ထမှာတာတွေရှိလာဦးမှာပဲလို့ဆိုပါတယ်။ အကယ်ဒမီဆု ဆိုတာကလည်း အနုပညာရှင်တွေအတွက် မှတ်တိုင်တစ်ခုပါပဲတဲ့။ 

image

ခန့်စည်သူ ကတော့ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီ ပေးပွဲအပေါ် သူ့ရဲ့ ရင်ခုန်သံကို အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း အကယ်ဒမီ စာရင်းဝင်ထဲမှာ ပါဝင်တဲ့အတွက် အကဲဖြတ်အနေနဲ့ မပါဝင်တော့တာလို့ သိရပါတယ်။ 

“အကယ်ဒမီကတော့ ကျွန်တော်တို့ပါတဲ့ ဇာတ်ကားတွေလည်းရှိတော့ အကဲဖြတ်လုပ်လို့ မရဘူးပေါ့။ အကယ်ဒမီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို ပြန်ပြီးတော့ အသိအမှတ်ပြု၊ ဂုဏ်ပြုပေးတဲ့ ဆုတစ်ခုအနေနဲ့ ခံယူထားတယ်။ အကယ်ဒမီဆိုတာက အနုပညာလောက၊ ရုပ်ရှင်လောကမှာ အမြင့်ဆုံးပွဲ၊ အကယ်ဒမီဆု ဆိုတာကလည်း ကိုယ့်ဘဝမှာ မှတ်တိုင်တစ်ခုပေါ့။ ဘယ်သူမဆို စိုက်ထူချင်ကြတာပါပဲ။ ကိုယ်မရလည်း အနုပညာမှတ်တိုင် စိုက်ထူနိုင်သွားတဲ့ အနုပညာ မောင်နှမတွေအတွက် တက်ရောက်ချီးမြင့်ပေးရမှာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: CMPG

၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကဆိုရင် ပရိသတ်ရင်ဘတ်နဲ့ နီးစပ်နိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်းကိုလည်း ခန့်စည်သူက ပြောပြခဲ့ပါသေးတယ်။ ဒါပေမယ့် အကယ်ဒမီ ဂယက်ကတော့ ထမှာပါပဲလို့ သူက ဆိုပါတယ်။ 

“ ဒီနှစ်မှာ အကဲဖြတ်ကြမယ့် ဒိုင်တွေကလည်း ပရိသတ်ရင်ဘတ်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ကြိုးစားပြီးတော့ အကဲဖြတ်ကြတယ်။ အကဲဖြတ်ဒိုင်လူကြီးတွေရဲ့ အင်တာဗျူးတွေကိုလည်း ကြည့်ခြင်းအားဖြင့် သူတို့လည်း ပရိသတ်နဲ့ အနီးစပ်ဆုံးဖြစ်အောင်လုပ်ကြမှာပါ။ ကွဲလွဲမှုတွေလည်း နည်းနည်းရှိကောင်းရှိနိုင်ပါလိမ့်မယ်။ အကယ်ဒမီဂယက်ကတော့ အမြဲထနေကြမို့လို့ ထတော့လည်း ထမှာပါပဲ” ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့က ရွှေကြိုမောင်မယ်ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး စာနယ်ဇင်း အသိပေးပွကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Khant Si Thu

ခန့်စည်သူရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း(၃၀) ဝန်းကျင်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာတို့ကို စီနီယာအနုပညာရှင်ကြီးတွေနဲ့ အတူတူ ရိုက်ကူးထားသူတစ်ယောက်ပါ။ အဲဒီနောက်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရသူဖြစ်ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ‘’မေတ္တာသိင်္ဂဟ’’ အသင်းကြီးကို ဦးဆောင်ပြီး ပရဟိတအလုပ်တွေလုပ်ဆောင်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က