
နေခြည်ဦးကတော့ ၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို mythical creature နဂါးပုံရိပ် ဒီဇိုင်းလုပ်ထားတဲ့ ဖက်ရှင်နဲ့ ပွဲတက်ခဲ့တာဖြစ်ပါတယ်။ ဒီဖက်ရှင်ကလည်း ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေရှိခဲ့တဲ့အပေါ် နေခြည်ဦးရဲ့ ခံစားချက်ကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။
‘’မိန်းကလေးတစ်ယောက်ရဲ့ အလှပဆုံးအချိန်ဟာ သူ့ကိုယ်သူ confident အပြည့်ရဲ့ သူ့စိတ်ကြိုက်ဘဝကို ခြယ်မှုန်းနိုင်တဲ့ အချိန်လို့ နေခြည်မြင်ပါတယ်။ အဲ့လိုပြောရင်လဲ ဝေဖန်မှုဘက်ပေါင်းစုံက ဒါဆိုလည်း ဘာလို့ ခွဲစိတ်မှုတွေ လုပ်သေးလဲ။ ဘာလို့ ဆံပင်တုမိတ်ကပ်တွေလိမ်းလဲဆိုတဲ့ Comment တွေနဲ့ လာမေးငေါ့ကြမယ်ဆိုတာ နေခြည်သိပါတယ်’’ ဆိုပြီးတော့ မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲ က ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Nay Chi Oo
နေခြည်ဦးဟာ သူ့စိတ်ကြိုက်ဖန်တီးထားတဲ့ ဝတ်စုံနဲ့ သူ့စိတ်ကြိုက် လိမ်းခြယ်ထားတဲ့ မိတ်ကပ်ပြင်ဆင်မှုအပေါ်မှာလည်း ပျော်ရွှင်ပြီး စိတ်ကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။
‘’ကိုယ့်စိတ်ကြိုက်ဘဝကို ကိုယ်ကိုယ်တိုင်ခြယ်မှုန်းတယ်။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်ဆီကပဲရှာတယ်။ ပျော်အောင်နေတယ်။ ကိုယ့် lifestyle ကိုအကောင်းဆုံးဖြစ်အောင် ပြုပြင်ပြောင်းလဲသလို အများအတွက်လဲ အကျိုးဖြစ်အောင် အမြဲမျှဝေပေးတယ်။ ဒါ နေခြည်ရဲ့ ပင်ကိုယ်အလှလို့ မြင်ပါတယ်။ ဒီနှစ်အကယ်ဒမီပေးပွဲမှာ နေခြည့်စိတ်ထဲက အဖြစ်ချင်ဆုံး ပုံစံကို အကောင်းဆုံး ဖန်တီးပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေကောင်းတွေကို အရင်ဆုံး ဂုဏ်ပြုပါရစေ’’လို့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။
Photo: Amazing Grace
၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ မတ်လ ၂၃ ရက်နေ့ ညနေ ပိုင်းက The One Entertainment Park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကိုတော့ မြန်မာ့ရုပ်ရှင်လောကထဲက အနုပညာရှင်များစွာတို့ကလည်း မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ အမျိုးမျိုး နဲ့ ဖက်ရှင်ပုံစံအမျိုးမျိုး ဝတ်ဆင်ပြီး တက်ရောက်လာခဲ့ကြတာပါ။
Photo: Nay Chi Oo
ဒီအကယ်ဒမီပေးပွဲမှာတော့ နေခြည်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ရန်သူ’’ ရုပ်ရှင်ဇာတ်ကားကြီးကလည်း အကယ်ဒမီစာရင်းဝင် ဇာတ်ကားထဲမှာ ပါဝင်ခဲ့ပါတယ်။ နေခြည်ဦးကိုတော့ Beauty Blogger တစ်ဦးအနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက် သရုပ်ဆောင်ဘက်ကို ကူူးပြောင်းလာချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးလာရပြီဖြစ်ပါတယ်။