• အကယ်ဒမီပေးပွဲမှာ သီချင်းဆိုရမှာမို့ ရင်ခုန်နေတဲ့ ဘီလီလမင်းအေး

အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်တယ်တဲ့။
ပရိသတ်တွေရဲ့ အချစ်တော် ဘီလီလမင်းအေးက ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ သီချင်းများနဲ့ ပါဝင်ဖျော်ဖြေရမှာ ဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲ တက်ဖို့လည်း စိတ်လှုပ်ရှားနေသလို ဝတ်စုံအတွက်ကိုလည်း ရင်ခုန်နေတယ်လို့ သူက ဆိုပါတယ်။
image

Myanmar Idol ပြိုင်ပွဲကနေ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အဆိုတော် ဘီလီလမင်းအေးက မတ်လ(၂၃) ရက်နေ့မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲမှာ သီချင်းများနဲ့ ပါဝင်ဖျော်ဖြေရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ကို ဒီလိုအခွင့်အရေးမျိုး ပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်တဲ့။

“အကယ်ဒမီမှာ ဖူးလည်း သီချင်းဆိုရမယ်ရှင့် သီချင်းဆိုရမယ်ဆိုတော့ ရင်ခုန်နေပါတယ် ပျော်လည်းပျော်တယ် ဒီလိုအခွင့်အရေးမျိုးပေးတဲ့ အတွက်လည်းကျေးဇူးတင်ပါတယ်။ ဆိုရမယ့်သီချင်းတွေက ရုပ်ရှင်တေးသီချင်းတွေချပေးတဲ့အတွက် ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းတွေပဲ ဆိုဖြစ်မှာပါ။ “လို့ သူမက Duwun Media ကို ပြောပါတယ်။

image

ဆက်လက်ပြီးတော့ အကယ်ဒမီပွဲတက် ဝတ်စုံအတက်လည်း အရမ်းကို ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

“ဝတ်စုံနဲ့ပက်သက်ပြီး အခုထိတော့ ရင်ခုန်နေတယ် ဘယ်လိုပုံစံမျိုးချုပ်ပေးမယ် မသိသေးဘူး ပြီးခဲ့တဲ့ (၁၇)ရက်နေ့တုန်းက fitting ချဖို့အတွက် ပွဲသွားရင်း Mandalay ကိုသွားလိုက်သေးတယ် ဝတ်စုံကို ဘီလီ့အတွက် အမိုက်စားလုပ်ပေးနေလို့ မပြီးသေးဘူးဆိုပြီး ဖူးပြန်လာခဲ့ရတယ် (၂၂) ရက်နေ့မှာ fitting ချမယ် ဆိုတော့ ဖူးရင်ခုန်နေတယ် ဘယ်လိုပုံစံလေး သူချုပ်ပေးမလဲမသိဘူးပေါ့နော်။ ဖူးကကျတော့ မင်းသမီးလည်း မဟုတ်ဘူးလေ သီချင်းဆိုရမယ်ဆိုတော့ ဖူးပေါ့ပေါ့ပါးပါးလေးပဲ အရမ်း heavy ဖြစ်တာမျိုးလည် းမဟုတ်ဘူး သီးချင်းဆိုမှာဖြစ်လို့ပေါ့ပေါ့ပါးပါးလေး ယဉ်ယဉ်လေးနဲ့ လှလှလေးပဲ ချုပ်ပေးပါလို့ပြောထားတယ်”လို့ သူမက ပြောပြခဲ့ပါတယ်။

ဘီလီလမင်းအေးဟာ လက်ရှိမှာ သီချင်းသစ်တွေ ပြင်ဆင်နေသလို ပရိသတ်တွေအတွက် အွန်လိုင်းကနေလည်း သီချင်းသစ်လေးတွေ တင်ပေးလေ့ရှိ ပါတယ်။ လက်ရှိမှာ ဖျော်ဖြေပွဲတွေလည်း ဆက်တိုက်ဆိုသလို သွားနေရတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က