ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု တို့ဟာ ဇာတ်ကားကောင်းတွေ များတာကြောင့် အကယ်ဒမီ ဆုရရှိဖို့ကို မမျှော်လင့်ထားပါဘူးတဲ့။

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကို တက်ရောက်လာတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု တို့ ဇနီးမောင်နှံကိုတော့ ‘’မီ’’ ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်တွေက အကယ်ဒမီဆု ရစေချင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီအတွက် ဒါရိုက်တာ ဏကြီးရဲ့ အကယ်ဒမီ ရင်ခုန်သံကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။
‘’ ကျွန်တော်ရော၊ သုသုရော ဒီမှာ အများကြီး မမျှော်လင့်ထားကြပါဘူး။ ဒီနှစ်မှာလည်း ဇာတ်ကားကောင်းတွေက အများကြီးဆိုတော့ ဘယ်သူရရ ကျွန်တော်တို့ရဲ့ အနုပညာမောင်နှမတွေကို လာရောက်အားပေးကြတာပါ’’ ဆိုပြီးတော့ မတ်လ ၂၃ ရက်နေ့က ပြုလုပ်တဲ့ အကယ်ဒမီ ပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဇနီးချောလေး ပိုင်ဖြိုးသု ကိုလည်း ‘’မီ ‘’ ဇာတ်ရုပ်နဲ့ အကယ်ဒမီဆု ရစေချင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။
‘’ ကျွန်တော် ဆိုလည်း သုသုကိုရစေချင်တာပါပဲ။ မီ မှာလေ တစ်ခြားဟာတွေသာ လျှော့ရင် လျှော့သွားလိမ့်မယ်။ မီ ကာရိုက်တာကို စွဲသွားတဲ့ သူကတော့ မလျှော့ခဲ့ဘူးပေါ့နော်။ ကျွန်တော်တို့ ဒီနေရာကို ရောက်အောင် အားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။
အဲဒီနောက် ပိုင်ဖြိုးသုက ဘီလူးမ၊ သရဲမနှင့် မိန်းမပျို ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ ‘’ထာဝရနှောင်ကြိုး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသားဇဏ်ခီနဲ့အတူ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။
ဒါရိုက်တာ ဏကြီးကိုလည်း ပရိသတ်တွေက ‘’မီ’’ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ပရိသတ်တွေက ရရှိစေချင်ကြတာဖြစ်ပါတယ်။ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသု တို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အတွင်း က မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။