• အလှူလုပ်ရင်း မျက်ရည်ဝဲခဲ့ရတယ်ဆိုတဲ့ ခင်သဇင်

သူမဟာ အလှူအတန်းဆိုရင် အမြဲဆောင်ရွက်နေတတ်သူ တစ်ယောက်ပါ။
[Zawgyi Version]

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သရုပ်ဆောင် ခင်သဇင်ဟာ ဒီတစ်ခါမှာလည်း ကရင်ပြည်နယ် အတွင်းက ဘိုးဘွားရိပ်သာမှာ ကုသိုလ်အလှူပြုဖြစ်တဲ့အကြောင်း ပြောလာပါတယ်။ 

Photo: Khin Thazin

သရုပ်ဆောင် ခင်သဇင်ဟာ ကရင်ပြည်နယ် အတွင်းမှာရှိတဲ့ ဘိုးဘွားရိပ်သာမှာ ငွေကြေးနဲ့ စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဘိုးအဘွားတွေကို တွေ့တဲ့အချိန်မှာ မျက်ရည်ကျမတတ် စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

"ကရင်ပြည်နယ်မှာရှိတဲ့ အဘိုးအဘွားရိပ်သာကို ဒီနေ့ ငွေကြေး နဲ့ အသီးအနှံတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ သူတို့လည်း မျက်ရည်လေးတွေဝဲ ၊ ကိုယ်လည်း မျက်ရည်တွေဝဲ " ဆိုပြီးတော့ မေလ ၁၆ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ 

Photo: Khin Thazin

ခင်သဇင်ရဲ့ အလှူအတွက် သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း သာဓု (၃) ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း မိဘတွေအပေါ် ပိုဂရုစိုက်စေချင်တယ်လို့ ဆိုပါတယ်။ 

"သဲစိန်လေးတွေလည်း ထပ်တူ သာဓု ခေါ်နိုင်အောင်ပါရှင်။ ကိုယ့် မိဘ၊ လူကြီးတွေကိုလည်း ဒီထပ်ပို ဂရုစိုက်ကြရအောင် နော်" ဆိုပြီးတော့လည်း ပရိသတ်တွေရဲ့ Comment တွေကို ပြန်လည်ဖြေဆိုခဲ့တာ တွေ့ရပါတယ်။ 

Photo: Khin Thazin

ခင်သဇင်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ဦးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းက နာဂဒေသမှာရှိတဲ့ နာဂတိုင်းရင်းသားတွေအတွက် ဆေးဝါးကုသိုလ်အလှူ လုပ်ခဲ့တာဖြစ်သလို ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ထာဝရ အလှူရှင်တစ်ဦးအဖြစ် တာဝန်ယူ စောင့်ရှောက်ပေးခဲ့တာဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။ သူမဟာ အနုပညာအလုပ်မှာသာ မက ပညာရေးအပိုင်းနဲ့ပတ်သက်ပြီး စီးပွားရေးပါရဂူ ဒေါက်တာဘွဲ့ ယူဖို့လည်း စာကြိုးစားနေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...