• အမေရိကန် ဗာဂျီးနီးယားပြည်နယ် အမြန်လမ်းမှာ ကားအစီးရေ ၆၀ ကျော် ဆင့်တိုက်မှုဖြစ်ပွား

လူ ၅၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး နှစ်ဦးက ဒဏ်ရာပြင်းထန်ပါတယ်။

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အမြန်လမ်းမတစ်ခုမှာ မြူဆိုင်းနေစဥ်အတွင်း ကားအစီး‌ရေ ၆၀ ကျော် ဆင့်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။

image

(Photo: Reuters)

ဒေသစံတော်ချိန် တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၂ ရက်) မနက် ၈ နာရီမတိုင်မီက ယော့ခ်ကောင်တီ ဝီလီယမ်ဘတ်ဂ်မြို့အနီး Interstate 64 အမြန်လမ်းမှာ ဖြစ်ပွားခဲ့တဲ့ ကား ၆၉ စီးဆင့်တိုက်မှုအတွင်း သေဆုံးသူမရှိခဲ့ပေမဲ့ လူ ၅၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းနဲ့ နှစ်ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ ကားအစီးရေ အများအပြား ဆင့်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတိအကျသိနိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

image

(Photo: AP)

ရဲတပ်ဖွဲ့ကတော့ မြူဆိုင်းနေမှုနဲ့ လမ်းမပေါ်မှာ ရေခဲနေမှုကြောင့် ကားများဆင့်တိုက်မှု ဖြစ်ပွားခဲ့ပုံရတယ်လို့ ပြောခဲ့ပါတယ်။ မတော်တဆမှု ဖြစ်ပွားခဲ့တဲ့နေရာမှာ ဓာတ်ပုံတွေအရ ကားအစီးရေ အများအပြားဟာ တစ်စီးကိုတစ်စီး ဝင်တိုက်မိထားတာ တွေ့ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ကတွေက ဒဏ်ရာရသူတွေထံရောက်ရန် ကားတန်းရှည်ကြီးကို ဂရုစိုက်ဖြတ်သန်းခဲ့ကြရပါတယ်။

(Photo: AP)

ကားများဆင့်တိုက်မှုဖြစ်ပြီး ထိခိုက်ပျက်စီးတဲ့ ကားတွေကိုဖယ်ရှားရန်နဲ့ လမ်းပြန်ဖွင့်ပေးနိုင်ရန် နာရီအတန်ကြာ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အမြန်လမ်းတစ်လျှောက် မြူများထူထပ်စွာကျရောက်နေခဲ့တာကြောင့် အရှိန်လျှော့မောင်းခဲ့ရတယ်လို့ ယခု မတော်တဆမှုဖြစ်ပွားရာ အမြန်လမ်းမှာ ကုန်တင်ကားမောင်းလာသူ အိုင်ဗန်လက်ဗီက AP သတင်းဌာနကို ပြောပါတယ်။

(Photo: Reuters)

မြူများထူထပ်စွာကျနေမှုကြောင့် ကားကိုအရှိန်လျှော့ မောင်းနှင်လာခဲ့ပြီးနောက် ကားအစီးရေ အများအပြား တစ်စီးနဲ့တစ်စီး ဆင့်တိုက်ထားမှုကို တွေ့ခဲ့ရကြောင်း အိုင်ဗန်လက်ဗီက ဆိုပါတယ်။ ကားများဆင့်တိုက်မှုအတွင်း အိုင်ဗန်လက်ဗီရဲ့ ဇနီးဖြစ်သူ မောင်းနှင်သွားတဲ့ကားလည်း ပါဝင်ခဲ့ပြီး သူမကတော့ ပြင်းထန်တဲ့ဒဏ်ရာ မရခဲ့ဘူးလို့ သိရပါတယ်။ 




Share

Loading Next Article...
က္က