နယူးယော့ခ်မှာ သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၁၀၀,၀၀၀ ကျော်လွန်လာခဲ့ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ မေ ၂၇ ရက်နေ့ COVID-19 Dashboard ကိန်းဂဏ်းတွေအရ သိရှိရပါတယ်။

(Photo: Reuters)

အမေရိကန်မှာ တစ်ကမ္ဘာလုံးမှာ COVID-19 ကပ်ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။ လက်ရှိအချိန်အထိ အမေရိကန်မှာ ကူးစက်ခံရသူ ၁.၇ သန်းကျော်နဲ့ ပြန်လည်သက်သာသူ ၄၉၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၅.၇ သန်းကျော်ရှိနေရာ အမေရိကန်မှာ ၃၀ ရာခိုင်နှုန်းနီးပါး တွေ့ရှိထားတာလည်း ဖြစ်ပါတယ်။



ထို့အတူ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၃၅၀,၀၀၀ ကျော်ရှိခဲ့ရာ အမေရိကန်မှာ ၃၀ ရာခိုင်နှုန်းနီးပါး ဖြစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး COVID-19 ကူးစက်မှုကိုတော့ မတ်လ ၂၁ ရက်နေ့မှာ အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အမေရိကန်မှာ သေဆုံးမှုအများဆုံးကို နယူးယော့ခ်ပြည်နယ်မှာ တွေ့ရပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၂၉,၀၀၀ ကျော်ရှိခဲ့ပါတယ်။

(Photo: Wilfredo Lee/AP)

COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တိုးလာဆဲဖြစ်ပေမဲ့ အမေရိကန်ပြည်နယ် ၅၀ လုံးက အသွားအလာ ပိတ်ပင်ကန့်သတ်ချက်များ စတင်ဖြေလျှော့ပေးနေခဲ့ကြောင်း သိရပါတယ်။ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအတွင်း အမေရိကန် ၃၉ သန်းနီးပါး အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပါတယ်။

လက်ရှိအချိန်အထိ COVID-19 အတွက် အတည်ပြုထားတဲ့ ကာကွယ်ဆေးနဲ့ ကုထုံး မရှိသေးဘဲ စမ်းသပ်အဆင့်အဖြစ်သာ ကမ္ဘာတစ်ဝှမ်း ကြိုးပမ်းလုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ ထိုအတောအတွင်း အမေရိကန် ၄၉ ရာခိုင်နှုန်းကသာ COVID-19 ကာကွယ်ဆေးထိုးမယ်လို့ ယခုလမှာ ပြုလုပ်ခဲ့တဲ့ AP-NORC (The Associated Press-NORC Center for Public Affairs Research) စစ်တမ်းက တွေ့ရှိခဲ့ရပါတယ်။

(Photo: Picture-Allialce/Photoshot/M. Nagle)

မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတ်မှတ်ခဲ့တဲ့ COVID-19 ဟာ တရုတ်မှာ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဥရောပဟာ ကူးစက်မှုဗဟိုချက်နေရာ ဖြစ်လာခဲ့ပြီး အီတလီ၊ စပိန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ အစရှိတဲ့ နိုင်ငံတွေမှာ ကူးစက်မှုတွေ အဆိုးဆုံးဖြစ်ခဲ့ပါတယ်။ ထို့နောက် ကူးစက်မှုဗဟိုချက်နေရာဟာ အမေရိကန် ဖြစ်လာခဲ့ပြီး ယခုအခါမှာတော့ လက်တင်အမေရိကဟာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာသစ် ဖြစ်လာခဲ့ကြောင်း WHO က ပြောထားပါတယ်။ 

Share

Loading Next Article...
က္က