US ဈေးကွက်မှာတော့ တာထွက်လှနေပြီလို့ ဆိုရမှာပါ

Samsung ရဲ့ အမိုက်စားတက်ဘလက်ထုတ်ကုန်သစ်တွေ ဖြစ်တဲ့ Galaxy Tab S8 Lineup ကတော့ အမေရိကန်ဈေးကွက်မှာ လက်မလည်အောင် ရောင်းနေရပြီလို့ ဆိုပါတယ်။ 

Galaxy S22 နဲ့ Galaxy Tab S8 ထုတ်ကုန်သစ်တွေ ကြေညာပြီးနောက် Pre-Order လက်ခံချိန်မှာ ဝယ်လိုအား မြင့်တက်ခဲ့တာပါ။ XDA Developers သတင်းအရ Samsung အမေရိကန်ဝက်ဘ်ဆိုက်မှာ Galaxy Tab S8 နဲ့ Galaxy Tab S8 Ultra တို့ကို Sold Out ဖြစ်သွားပြီလို့ စာရင်းတင်ထားပြီး Tab S8+ မော်ဒယ်ကတော့ Pre-order မှာနိုင်ဦးမယ်လို့ ဆိုပါတယ်။ 



Photo: GSMArena

"Galaxy Tab S8 Lineup သစ်အပေါ် ဖောက်သည်တွေရဲ့ တုံ့ပြန်ချက်ကို ကျွန်တော်တို့ အလွန်ပဲကျေနပ်အားရပါတယ်။ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း တခဲနက်အားပေးမှုကြောင့် Galaxy Tab S8 Ultra နဲ့ Galaxy Tab S8 တို့ကို ဝက်ဘ်ဆိုက်ကနေ Pre-Order မှာယူမှု ခဏရပ်ထားပါတယ်။ ဖော်ကသည်တွေရဲ့ စိတ်လှုပ်ရှားမှုနဲ့ လိုအင်အတိုင်း ဖြစ်စေဖို့ ကျွန်တော်တို့ အလျင်အမြန် ကြိုးစားနေပါတယ်။ သတင်းသစ်တွေ သိရအောင် စောင့်ပေးပါ"လို့ Samsung ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Galaxy Tab S8 Lineup ဟာ ၁၁ လက်မဆိုဒ်ကနေ ၁၄.၆ လက်မအထိ အရွယ်အစား ၃ မျိုးနဲ့လာပါတယ်။ တူတဲ့အချက်က ဒီတက်ဘလက်သုံးမျိုးစလုံးဟာ Flagship processor ဖြစ်တဲ့ Snapdragon 8 Gen 1 သုံးထားတာပဲ ဖြစ်ပါတယ်။ Galaxy Tab S8 နဲ့ Tab S8 Plus တို့ဟာ RAM 12GB/256GB storage အထိ ပါရှိပြီး Ultra မော်ဒယ်မှာတော့ RAM 16GB/512GB Storage အထိ ထွက်ထားပါတယ်။ 

Ultra မော်ဒယ်သစ်ဟာ အလျားလိုက်ဘေးဘောင် notch ဒီဇိုင်း 12M Dual Selfie ကင်မရာနှစ်လုံးနဲ့လာပြီး Samsung တက်ဘလက်တွေထဲမှာ အကြီးဆုံး Screen Size သုံးထားတဲ့ ထုတ်ကုန်လည်း ဖြစ်ပါတယ်။ pre-order မှာသူတွေအတွက် Samsung က Keyboard ကာဗာတစ်ခုလည်း လက်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က