သဘောတူညီမှုရရှိပြီးဖြစ်သလို ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း ခွင့်ပြုထားပြီး ဖြစ်ကာ နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးဖို့သာ ကျန်တော့တယ်လို့သိရပါတယ်။
ဓာတ်ပုံ - Dr. Aung Myint Maw Facebook page
ရန်ကုန်မြို့မှာရှိတဲ့ စွန့်ပစ်အမှိုက်တွေကနေ သဘာဝဓာတ်ငွေ့ (CNG) ထုတ်ဖို့အတွက် ပိုလန်နိုင်ငံက မြန်မာနိုင်ငံ ကို ယူရို သန်း ၅၀ချေးဖို့ သဘောတူညီထားတယ်လို့ သိရပါတယ်။
အဆိုပါ အစီအစဥ်ကိုတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က စတင်ကာ ပိုလန်အစိုးရနဲ့ မြန်မာအစိုးရကြား ညှိနှိုင်းဆောင်ရွက်နေတာဖြစ်ပြီး ၂၀၂၀ မကုန်ခင်မှာ လုပ်ငန်းစတင်နိုင်ဖို့ မျှော်််််််လင့်ထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးမှ ညွှန်ကြားရေး မှူး ဒေါက်တာ အောင်မြင့်မော်က Duwun ကို ပြောပါတယ်။
“လွန်ခဲ့တဲ့ ၂နှစ်ခန့်ကစပြီး ပိုလန်အစိုးရနဲ့ မြန်မာအစိုးရကြား အစိုးရချင်းသဘောတူညီမှုအရ အမှိုက်ကနေ သဘာ ဝ ဓာတ်ငွေ့ ထုတ်ဖို့ ချေးငွေ ယူရိုသန်း ၅၀ကို ပိုလန်အစိုးရဖက်ကထုတ်ပေးဖို့သဘောတူညီထားတာဆိုရင် လက် မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်။ လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ဖို့ ပြည်ထောင်စုလွှတ်တော်ကလည်း ခွင့်ပြု မိန့် ၃လပိုင်းမှာကျပြီး ဖြစ်ပေမယ့် ကိုဗစ်ကြောင့် လုပ်ငန်းကို စတင်နိုင်ခြင်းမရှိသေး။ ၂၀၂၀နှစ်မကုန်ခင်မှာတော့ လုပ်ငန်းစတင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။”လို့ ဒေါက်တာ အောင်မြင့်မော်က ပြောပါတယ်။
ဓာတ်ပုံ - Dr. Aung Myint Maw Facebook page
ရန်ကုန်တိုင်းဒေသကြီးမှာ ၄၅ မြို့နယ် ရှိရာမှာ စည်ပင်သာယာနယ်နမိတ် ၃၃ မြို့နယ်ကနေ နေ့စဥ် အမှိုက်တန်ချိန် ၂၅၀၀ကနေ ၂၇၀၀ အထိ သိမ်းဆည်းနေပြီး လှိုင်သာယာစွန့်ပစ်အမှိုက်ပုံမှာ တစ်ရက်ကို တန်ချိန် ၁၅၀၀၊ အရှေ့ ပိုင်းခရိုင်က ထားဝယ်ချောင်စွန့် ပစ်အမှိုက်ပုံမှာ တန်ချိန် ၁၀၀၀ကျော်စွ့န်ပစ်နေတယ်လို့ သိရပါတယ်။
အခု လုပ်ငန်းအစီအစဥ်အရ သဘာဝဓာတ်ငွေ့(CNG)အပြင်၊အအေးခန်းတွေမှာ အသုံးပြုနိုင်မယ့် Liquid co_2၊ စက်မှုဇုန်တွေက ဘွိုင်လာာတွေကနေထွက်တဲ့ လေထုညစ်ညမ်းစေတဲ့အငွေ့တွေကို လျော့ချနိုင်မယ့် RDFနဲ့ ဓာတ်ငွေထုတ်လို့ အောက်ခြေမှာ အနည်ထိုင်ကျန်ခဲ့တဲ့ မြေကြီးလိုအနှစ်တွေကတော့ သဘာဝမြေသြဇာအဖြစ် စိုက်ပျိုးတဲ့ စိုက်ပျိုးသီးနှံတွေအတွက် ထောက်ပံ့ပေးနိုင်မှာဖြစ်လို့ စုစုပေါင်း ၄ မျိုး ထုတ်နိုင်မယ်လို့လည်း သိရပါ တယ်။
အမှိုက်ကနေ ဓာတ်ငွေ့ထုတ်မယ့် စက်ရုံကိုတော့ လှိုင်သာယာ ထိန်ပင်အမှိုက်ပုံနားမှာ တည်ဆောက်သွားမှာ ဖြစ်ပြီး ၃နှစ်စီမံကိန်းသတ်မှတ်ထားပေမယ့် ၂နှစ်အတွင်း အပြီး တည်ဆောက်ပြီး လည်ပတ်နိုင်ရေး ဆောင်ရွက် သွားမယ်လို့လည်း သိရပါတယ်။