ပရီးမီးယားဆုဖလားရဖို့ဆိုရင် လီဗာပူး အမှတ်လျော့ဖို့လည်း ဆုတောင်းရမယ်လို့ ဂန်ဒိုဂန်က ပြောလာခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းအနေနဲ့ သေချာပေါက် အမှတ်တွေ ထပ်လျော့ဖို့ ရှိတယ်လို့ ကွင်းလယ်လူ ဂန်ဒိုဂန်က ထုတ်ဖော်ပြောလာတဲ့အကြောင်း BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။
လက်ရှိ ၂ ထပ်ကွမ်းချန်ပီယံမန်စီးတီးအနေနဲ့ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၂ မှာ ရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးထက် ၈ မှတ်လျော့နေပါတယ်။
“ လက်ရှိအခြေအနေကို တည်ငြိမ်အောင် လုပ်ရဖို့ ရှိနေသလို အမှတ်တွေလည်း ထပ်လျော့ဖွယ်ရှိနေပါတယ်” လို့ ဂန်ဒိုဂန်က ပြောခဲ့ပါတယ်။
စီးတီးကတော့ နောဝှစ်ကို ၃-၂ နဲ့ ရှုံးသလို ဝုလ်ကိုလည်း ၂-၀ နဲ့ အရေးိမ့်ကာ စပါးနဲ့ သရေကျခဲ့တာတွေက အမှတ်လျော့စေခဲ့တာပါ။
“ ပွဲတိုင်းနိုင်ဖို့ မလွယ်သလို ပြိုင်ဖက်တွေက တောက်လျှောက်နိုင်နေတာကလည်း အဆင်မပြေပါဘူး။အခု ရုန်းကန်နေရတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့က အဓိက ပါပဲ” လို့ ဂန်ဒိုဂန်က ဆက်လက်ပြောပါတယ်။
ဂျာမနီ လက်ရွေးစင်ဂန်ဒိုဂန်ကတော့ ၂၀၁၆ ခုနှစ်က ဒေါ့မွန်အသင်းကနေ ပေါင် သန်း ၂၀ နဲ့ ရောက်ရှိလာပြီး နှစ်နှစ်ဆက် လိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲက ပြီးပြီလား ဆိုတဲ့ မေးခွန်းအပေါ်မှာတော့ - “ အစောကြီးဖြစ်သွားပေမယ့် ပွဲတွေ အများကြီး ကစားဖို့ရှိနေပါသေးတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဆုကို လိုချင်ရင်တော့ သေချာပါတယ်၊ လီဗာပူး အမှတ်လျော့ဖို့လည်း မျှော်လင့်ရပါမယ်။” လို့ ဂန်ဒိုဂန်က ဆက်လက်ပြောပါတယ်။
ဂန်ဒိုဂန်ကတော့ လက်ရှိမှာ ယူရို ၂၀၂၀ ခြေစစ်ပွဲကစားမယ့် ဂျာမနအသင်း လူစာရင်းမှာ ရှိနေပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ အာဂျင်တီးနားနဲ့ခြေစမ်းပွဲကို လည်းကောင်း၊အဲ့နောက် တနင်္ဂနွေနေ့မှာ အက်စတိုးနီးယားနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် လည်းကောင်းကစားပါမယ်။