ကားက တင်ဆောင်လာတဲ့ လူတွေများတဲ့ အပြင် ၊ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၇၈/၄)နှင့် (၁၇၈/၅) အကြားမှာ Pajero အမျိုးအစားကား အရှိန်လွန်တိမ်းမှောက်ပြီး အသက် ၃ နှစ်အရွယ်ကလေးအပါအဝင် ၃ ဦးသေဆုံးမှု ဒီနေ့ဒီဇင်ဘာလ ၂၅ ရက်နေ့မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။



ဖြစ်စဉ်က နေ့လယ် ၂ နာရီကျော်လောက်မှာ Pajero အမျိုးအစား(အဖြူရောင်)ကားတစ်စီးဟာ တင်ဆောင်လာတဲ့ လူတွေများတဲ့ အပြင် ၊ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်ပါ ၁၃ ဦးထဲကမှ ယာဉ်မောင်း၊အမျိုးသမီးတစ်ဥိး၊ ကလေးငယ်တစ်ဥိး သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

ဉ်ကတော့ မှန်ပါတယ်။ ယာဉ်မောင်းကိုအောင်ဇော်ဝင်း ထပ်ဆုံးပါတယ်။ဆေးရုံမှာဆုံးတာပါ။ မလင်းလင်းထွန်းဆိုတာအသက် ၃၈ နှစ်ဆုံးတယ်၊နောက်မောင်ခွန်ဆန်ဖြိုးလင်းဆိုတာ အသက်၃နှစ်ကျော်ဆုံးတယ်။ ကာကဝိတ်များတယ်၊အရှိန်များတယ်၊လူကလည်း များတယ် ဟိုက်လိုက် ပါဂျဲရိုးကားလေးကားကလည်းသေးတယ်။ လူကလည်းများတယ် အရှိန်လည်းများတယ် ကနဦး သုံးသပ်ရတယ်။ " လို့ သာဂရအမြန်လမ်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါ ယာဉ်ပေါ်မှာ ကျား(၄)ဦး၊ မ(၄)ဦး၊ ကလေး(၅)ဦး စုစုပေါင်း(၁၃)ဦး လိုက်ပါကြောင်း၊ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို ဆွာတိုက်နယ်ဆေးရုံနဲ့နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေထဲကမှ စိုးရိမ်ရတဲ့သူရှိမရှိကို စိစစ်နေဆဲဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က