အသက် ၃၅ နှစ်ရှိနေပါပြီ။

ရော်နယ်ဒိုက အသက် ၃၅ နှစ်လည်း ပြည့်သွားပြီဆိုတော့ ဒီနှစ်ဘောလုံးရာသီပြီးရင် အံ့အားသင့်ဖွယ် သတင်း တွေကို ချပြတော့မလားဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းနေပါပြီ။

Image result for ronaldo



အသက် ၃၅ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်တဲ့ ဘလွန်းဒီအော ၅ ဆုရှင် ရော်နယ်ဒိုအနေနဲ့ အနားယူတော့မှာ လားလို့ ထင်ရမယ့် အဖြေတစ်ခုကို ဖြေသွားခဲ့တယ်လို့ INDEPENDENT သတင်းဌာနက ဖော်ပြလာပါတယ်။

အသက် ၃၅နှစ်ရှိနေပြီ ဖြစ်ပေမယ့်လည်း မကျသေးတဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုတွေကြောင့် ဥရောပ ထိပ်တန်းလိဂ် ၅ ခု ထဲက တစ်ခု ဖြစ်တဲ့ အီတလီစီးရီးအေမှာ ဂျူဗင်တပ်လို အသင်းကြီးရဲ့ အဓိက ကစားသမားအဖြစ် ကစားနေနိုင်ဆဲ ပါ။

Image result for ronaldo latest news

ဒါပေမယ့်လည်း Canal 11 သတင်းဌာနကို ဖြေသွားတဲ့ အဖြေကြောင့် ဒီနှစ်ဘောလုံးရာသီက ရော်နယ်ဒိုရဲ့ နောက်ဆုံး ရာသီလားလို့ ထင်ယောင်လာစေခဲ့ပါတယ်။

“ အခု ၃၅ နှစ်ပြည့်ပြီးရင် ကျွန်တော်က ငါးဖမ်းသမားပဲ ဖြစ်ချင်ပါတော့တယ်။မန်ဒီရာမှာပဲ ငါးဖမ်းရင်း အချိန်တွေ ကုန်ဆုံးဖို့ ရည်ရွယ်ထားပါတယ်။ဒါပေမယ့် အခုထိတော့ စိတ်ထဲက တွေးထားသလို ဖြစ်မလာနိုင်သေးပါဘူး။”လို့ ရော်နယ်ဒိုက ဖြေသွားတာပါ။



ရော်နယ်ဒိုကတော့ ဂျူဗင်တပ်အသင်းနဲ့အတူ လိဂ် ယခုနှစ်က နှစ်ရာသီ‌မြောက်ဖြတ်သန်းနေတာ ဖြစ်ပြီး အသင်းအတွက် ၂ ရာသီမပြည့်ခင်မှာပဲ ဂိုး ၅၀ အထိ ပြိုင်ပွဲစုံမှာသွင်းယူပေးပြီးသွားပါပြီ။

Image result for ronaldo latest news

ဒါ့အပြင် ဂျူဗင်တပ်အသင်းနဲ့လည်း စံချိန်အချို့ကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပြီး ဒီနှစ်မှာလည်း ဂျူဗင်တပ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားဖို့ ရှိနေပါသေးတယ်။

လာမယ့် ဖေဖော်ဝါရီ ၂၆ မှာ လိုင်ယွန်အသင်းနဲ့ ၁၆ သင်းအဆင့် ပထမအကျော့ ကစားရဖို့ ရှိနေပြီး ရော်နယ်ဒိုက -“ဂျူဗင်တပ်မှာ ကစားခွင့်ရတာက ကျွန်တော့်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးသလိုပါပဲ၊လိုင်ယွန်နဲ့ပွဲက ခက်မှာပါ၊ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်မှာပါ၊ကျွန်တော်တို့က အသင်းကောင်းတစ်သင်းပဲလေ။”လို့ ဆက်လက် ပြောပါသေးတယ်။

အသက် ၃၅ နှစ်ကျော်ရင် ငါးဖမ်းသမား အဖြစ်နဲ့ပဲ ဘဝကို ကုန်ဆုံးတော့မယ်လို့ ပြောထားတဲ့ ရော်နယ်ဒိုက လက်ရှိမှာလည်း ၃၅ နှစ်ပြည့်နေပြီမို့ ဒီနှစ်‌ဘောလုံးရာသီပြီးရင် တစ်ကမ္ဘာလုံးကိ အံ့အားသင့်ဖွယ်တွေ ပေးမလားဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က