• အနီကတ်ပဲ ကျိန်းသေတယ်လို့ စိတ်ပေါက်ပေါက်နဲ့ ဘုဘောက်ဖြေသွားခဲ့တဲ့ ဂွါဒီယိုလာ

ဝေါ်ကာက မလိုအပ်ဘဲ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုပြုလုပ်ခဲ့လို့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက လိုက်ပ်ဇစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနီကတ် ပြသခံရမယ့် ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ နောက်ခံကစားသမားကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲံပါတယ်။

image

အင်္ဂလန်နောက်ခံကစားသမားဟာ မန်စီးတီးက လိုက်ပ်ဇစ်အသင်းကို ၂-၁ နဲ့ နောက်ကနေ လိုက်ကစားနေရချိန် ၈၂ မိနစ်မှာ မလိုအပ်ဘဲ အန်ဒရေး ဆေးလ်ဗားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အုပ်စု A ရဲ့ ထိပ်ဆုံးမှာ နောက်တဆင့်တက်ရောက်ခွင့်အတွက် အာမခံချက်ရရှိပြီးသားဖြစ်တဲ့ မန်စီးတီးဟာ အုပ်စုနောက်ဆုံးပွဲစဉ်ကို သာသာယာယာနဲ့ ကစားသွားခဲ့ရမှာဖြစ်ပေမယ့် ဝေါ်ကာက အနီကတ် ပြသခံခဲ့ရတာကြောင့် လာမယ့်အဆင့်ပွဲစဉ်မှာ အဓိကကစားသမားတစ်ဦးမပါဝင်ဘဲ ကစားသွားရတော့မှာဖြစ်ပါတယ်။

image

"အနီကတ်က ကျွန်တော်တို့ကို နာကျင်စေခဲ့ပါတယ်။ အထူးသဖြင့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အတွက်ပါ။ ကိုင်လီ ဝေါ်ကာက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ကစားသမားဖြစ်ပြီး သူ့ကို ဒီလိုပုံစံမျိုးနဲ့ ဆုံးရှုံးရဖို့ မလိုအပ်ပါဘူး။ သူ ဒီကိစ္စကနေ သင်ယူနိုင်ပါစေလို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်"

ဂွါဒီယိုလာက ဒီလောက်စိတ်ပျက်နေတာတောင်မှ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခံခဲ့ရတဲ့အချိန်မှာတော့ တိုတိုနဲ့ပြတ်ပြတ်ပဲ အဖြေပေးသွားခဲ့တာဖြစ်ပါတယ်။ "အဲဒါက အနီကတ်ပဲ။ လုံးဝကျိန်းသေတယ်။ ကျွန်တော်ဒီကိုလာတာက အဝတ်လဲခန်းထဲမှာ ဘာဖြစ်နေတာလဲဆိုတာကို ပြောဖို့မဟုတ်ဘူး"လို့ ပြောကြားခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းက ပထမပိုင်းမှာ ဒိုမီနစ် ဆဘော့ဇ်လိုင်းရဲ့ သွင်းဂိုးနဲ့ မန်စီးတီးကို ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ၇၁ မိနစ်မှာ အန်ဒရေး ဆေးလ်ဗားက နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအတွက် မာရက်ဇ်က ၇၆ မိနစ်မှာ ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့ပြီးနောက် မန်ချက်စတာစီးတီးအသင်း ပြန်လာနိုင်ဖို့အတွက် မျှော်လင့်ချက် ရောင်ခြည်သမ်းလာခဲ့ပေမယ့် ဝေါ်ကာက မဆီမဆိုင် အန်ဒရေး ဆေးလ်ဗားကို နောက်ကနေ ပိတ်ကန်လိုက်လို့ အနီကတ်ပြသခံခဲ့ရတာဖြစ်ပြီး မန်စီးတီးလည်း ၂-၁ ရလဒ်နဲ့သာ ကျေနပ်လိုက်ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က