အနည်းဆုံးလုပ်ခလစာ နှုန်းထားကိစ္စဟာ နည်းနည်းအကျပ်အတည်းဖြစ်မ့ အနေအထားရှိပါတယ်။

ကိုဗစ် ၁၉ ရောဂါကပ်ဘေးအငြိမ် ၊ အလွန်ကာလရောက်မှသာ အနည်းဆုံးလုပ်လစာ နူန်းထားအသစ်ကို သတ်မှတ်နိုင်မည့် အခြေအနေ ဖြစ်နေကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှသိရသည်။

COVID 19 ကြောင့် အနည်းဆုံးလုပ်ခလစာ နှုန်းထားအသစ်နဲ့ပတ်သက်တဲ့ အမျိုးသားအဆင့် အစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လကုန်ကတည်းက ထပ်မံမလုပ်ရသေးသလို ၊ တိုင်းနဲ့ပြည်နယ်က အနည်းဆုံးအခကြေးငွေ ဆိုင်ရာ ကော်မတီတွေကလည်း နှုန်းထားအသစ်ကို ခုချိန်ထိ တင်ပြလာမှုမရှိသေးဘူးလို့ သိရပါတယ် ။

"အဓိက အမျိုးသားအဆင့် အစည်းအဝေးက တစ်ကြိမ်ပဲ လုပ်ရသေးတယ်။ နောက်ထပ်မလုပ်ရသေးတော့ တိုင်းနဲ့ပြည်တွေကို ဘာညွှန်ကြားချက်တွေပို့ထားလဲဆိုတာ မသိရသေးဘူး။ ဒါပေမယ့် လောလောဆယ်ဆ်အခြေအနေရဆိုရင် ကိုဗစ် ၁၉ ကလည်းဖြစ်နေတယ်၊ ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းကလည်းဖြစ်နေတယ်ဆိုတော့ အနည်းဆုံးလုပ်ခလစာ နှုန်းထားကိစ္စဟာ နည်းနည်းအကျပ်အတည်းဖြစ်မယ့် အနေအထားရှိပါတယ်။ ကိုဗစ်၁၉ပြီးမှပဲ ထုတ်ပြန်နိုင်မယ့်အခြေအနေဖြစ်နေပါတယ်"လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင် ကိုသက်နှင်းအောင်က ဇွန်လ ၂၃ ရက်နေ့က ပြောပါတယ်။

ဧပြီလ ၂၀ ရက်နေ့တွင် လှိုင်သာယာ စက်မှုဇုန်ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာပုံများ (ဓာတ်ပုံ -ဝင်းလွင်)

ပြီးခဲ့ မတ်လ ၂၀ ရက်နေ့မှာ အစည်းအ‌ဝေးကျင်းပပြီးကတည်းက ထပ်မံ မလုပ်ရသေးကြောင်း ၊ အဲ့ဒီနေ့ အမျိုးသားအဆင့်အစည်းအဝေးအရဆိုရင် တိုင်းနဲ့ ပြည်နယ်က ကော်မတီတွေဟာ ဧပြီလကတည်းက နှုန်းထားအသစ်ကို အတည်ပြုတင်ပြရမှာဖြစ်တယ်။ ဒါပေမယ့် နူန်းထားတွေကိုတင်ပြနိုင်ခဲ့ခြင်းမရှိတာကြောင့် တိုင်းနဲ့ ပြည်နယ်တွေ အလုပ်လုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

အစည်းအဝေး ပြုလုပ်တဲ့အခါ အမျိုးသားအဆင့် အစည်းအဝေးနဲ့ တိုင်းဒေသကြီးအဆင့် ပြည်နယ်အဆင့်အစည်းဝေးရှိရာ ၊ တိုင်းနဲ့ပြည်နယ်တွေဟာ အမျိုးသားကော်မတီရဲ့ လမ်းညွှန်ချက် အတိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ အလုပ်သမားတစ်ဦးကို တစ်နာရီ ၆၀၀ နှုန်း ဖြင့် တစ်ရက် အလုပ်ချိန် ၈ နာရီ ကို မြန်မာကျပ်ငွေ ၄၈၀၀ သတ်မှတ်ထားပါတယ်။

အနည်းဆုံး အခကြေးငွေ နူန်းထားအသစ်ကို၂နှစ် တစ်ကြိမ်သတ်မှတ်ရမှာဖြစ်ပြီး အကယ်၍ သတ်မှတ်ကာလမှာ မသတ်မှတ်နိုင်ခဲ့ရင် အလုပ်သမားတွေအတွက် အချိန်နဲ့အမျှ နစ်နာမှုတွေရှိတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသည့်သတင်း ဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က