သူ့ကို ဘော့စ်လို့ မခေါ်ဖို့ ပြောဆိုခဲ့ပြီး အိုလီလို့သာ ခေါ်ဖို့ တောင်းဆိုခဲ့တာပါ။

ဆိုးလ်ရှားလက်ထက်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရှုံးပွဲလုံးဝမရှိသေးပဲ (၉)ပွဲနိုင်ကာ (၁)ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ပြီး လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိနေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ဆိုးလ်ရှားက သူ့ကို Boss လို့ မခေါ်ဖို့အတွက် အသင်းဝန်ထမ်းတွေကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ESPN ရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားက သူ့ကို "အိုလီ" လို့ပဲ ခေါ်ဆိုဖို့ တောင်းဆိုခဲ့ပြီး ကစားသမားတစ်ဦးအနေနဲ့ ယူနိုက်တက်မှာ

တွေ့ဆုံခဲ့တုန်းကလို ဆက်ဆံဖို့သာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

"ကျွန်တော်တို့က မိသားစုတွေပါ၊ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ရပါမယ်၊ တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီရမှာပါ၊ ဘာလို့လဲဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက်သိနေကြလို့ပါပဲ၊ ကျွန်တော် ဒီကို ပထမဆုံးပြန်ရောက်လာတော့ ကိတ် (ကာရင်တန်ေလ့ကျင့်ရေးကွင်းမှ ကြိုဆိုရေးတာဝန်ခံ)ကို ပထမဆုံးမြင်တွေ့ခဲ့ရပါတယ်"

"အဲဒီနောက် ကျွန်တော် ကစားသမားဘဝတုန်းက တွေ့ဆုံခဲ့ဖူးတဲ့ ဝန်ထမ်းတွေနဲ့ ပြန်တွေ့ခဲ့ရပါတယ်၊ သူတို့က ကျွန်တော့်ကို "Boss" လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတာပါ၊ ဒါကြောင့် မခေါ်နဲ့လို့ ကျွန်တော် သူတို့ကို ပြောခဲ့ပြီး "အိုလီ" လို့ပဲ ခေါ်ဖို့ သူတို့ကို တောင်းဆိုခဲ့ပါတယ်၊ ကျွန်တော်တို့က နှစ်ပေါင်းများစွာ အတူတူတွဲဖက်လုပ်ကိုင်ခဲ့သူတွေပါ၊ သူတို့ကျွန်တော်တို့ကို "Boss" လို့ ခေါ်တာကို ကျွန်တော် မလိုချင်ဘူး" လို့ ဆိုးလ်ရှားက စကန်ဒီနေးဗီးယားဒေသက ယူနိုက်တက်အားပေးသူများ အဖွဲ့အစည်းနဲ့ တွေ့ဆုံမှုမှာ ပြောကြားသွားခဲ့ပါတယ်။

ဆိုးလ်ရှားကတော့ ယူနိုက်တက်ကို (၁၀)ပွဲအထိ ကိုင်တွယ်ထားခဲ့သူ ဖြစ်ပြီး (၉)ပွဲအနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ကာ တစ်ပွဲသာ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ယူနိုက်တက်အမြဲတမ်းနည်းပြဖြစ်ဖို့ ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။ အသက် (၄၅)နှစ်အရွယ် နော်ဝေသားကြီးက ဒီအပေါ်မှာ သာယာမနေပဲ အားလုံးကို တပြေးညီဆက်ဆံနေခဲ့တာလည်း ဖြစ်ပါတယ်။

"ကျွန်တော်တို့က ဒီအသင်းရဲ့ တန်ဖိုးကို ကာကွယ်ရပါမယ်၊ နည်းပြနဲ့ ကစားသမားကြား၊ ပြီးတော့ ကာရင်တန်မှာရှိတဲ့ ဝန်ထမ်းတွေအားလုံးကြား ဆက်ဆံရေးကောင်းမွန်နေရပါမယ်၊ ဒီအတွက် ကျွန်တော်တို့ အလုပ်လုပ်နေကြတာပါ၊ တစ်ဦးနဲ့တစ်ဦးကြားမှာ အမြဲတမ်း အဆက်အသွယ်

ှိနေရပါမယ်၊ အကယ်ဒမီ နဲ့ အသင်းကြီးကြားမှာလည်း အပြန်အလှန်ဆက်သွယ်မှုတွေ ရှိနေရမှာဖြစ်ပြီး ဒါမှလည်း အောက်ခြေအဆင့်ကစပြီး ကျွန်တော်တို့ တည်ဆောက်နိုင်မှာပါ" လို့ ဆိုးလ်ရှားက ထပ်မံပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က